Chapter(23)

40 6 0
                                    

အိမ်ထဲသို့ ညှိုးငယ်သောမျက်နှာဖြင့် ဝင်ရောက်လာသောဦးလေးငယ်ကိုကြည့်ရင်း သက်တန့်စိတ်ပူလာမိသည်။

"ဦးလေးငယ် ဘာဖြစ်လို့လဲ။နန်းဆက်ရော ဘယ်မှာလဲ"

"ထည်ဝါ အခု ဆေးရုံမှာ"

"ဘာ.....ဘာဖြစ်လို့လဲ။နန်းဆက် ဘာဖြစ်လို့လဲ ဦးလေးငယ်"

"ထည်ဝါက မင်းရဲ့ငြင်းဆန်မှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားခဲ့တယ်လေ"

"နန်းဆက်ကို တွေ့ချင်တယ်။သက်တန့်ကို နန်းဆက်ဆီ ခေါ်သွားပေးပါ ဦးလေးငယ်....ကျေးဇူးပြုပြီး"

"ငါကလည်းမင်းကို ထည်ဝါ့ဆီ‌ခေါ်သွားချင်လို့ လာခဲ့တာပါ သက်တန့်'

************

"သက်သာရဲ့လား နန်းဆက်"

"မင်းစိတ်ပူဖို့ မလိုဘူး ......"

"ရှင့်က ကိုယ်ရဲ့အသက်ကို ရန်ရှာခဲ့တာလေ။စိတ်မပူလို့ရမလား နန်းဆက်"

"အခုလောလောဆယ် ကိုယ် မသေနိုင်တော့ဘူး မဟုတ်လား။အပိုတွေလုပ်မနေနဲ့"

"ရှင်က သက်တန့်ကို စိတ်ဆိုးနေတာပဲ။သက်တန့်တောင်းပန်ပါတယ်။စိတ်မဆိုးနဲ့တော့နော်"

"မင်းကို စိတ်ဆိုးစရာ ဘာအကြောင်းရှိလို့လဲ။ထွက်သွားစမ်းပါ"

"သက်တန့် တောင်းပန်ပါတယ် နန်းဆက်ရယ်။သက်တန့်ရဲ့ ဘေးနားမှာရှင်မရှိလိုမဖြစ်ဘူး။ရှင့်ကို လိုအပ်တယ်။ဒီလိုမျိုးလုပ်မနေပါနဲ့နော်"

"မင်းကိုယ့်ကို ဂရုမစိုက်ပါဘူး"

"ဂရုစိုက်တာပေါ့ နန်းဆက်......"

"မင်းကိုယ့်ကို ဂရုစိုက်တယ်ဆိုရင် ကိုယ်မနှစ်သက်တဲ့အရာတွေလုပ်ဖို့ ကြိုးစားမှာမဟုတ်ဘူး။ကိုယ်သိပ်မုန်းတဲ့အရာတွေကို မင်းလုပ်မှာမဟုတ်ဘူး"

"သက်တန့် ရှင့်ကို အရှုံးပေးပါတယ် နန်းဆက်။ရှင့်ကို ချစ်တယ်လို့ပြောဖို့ အခုအချိန်မှာ အခွင့်အရေးရှိသေးရင် ပြောချင်တယ်။ရှင့်ကိုချစ်တယ််။ရှင်က ခွင့်ပြုပေးမလား နန်းဆက်"

"မင်းစိတ်ထဲက မပါတဲ့အရာကို ဇွတ်လိုက်လျောပေးစရာမလိုဘူး။ကိုယ့်ရဲ့ ပုံစံကိုကြည့်ပြီး သနားလို့ ချစ်ဟန်ဆောင်ပေးစရာမလိုဘူး"

LET ME OWN YOU.....!!RAINBOW TOWERWo Geschichten leben. Entdecke jetzt