Chapter(21)

31 5 0
                                    

သက်တန့်ကနန်းဆက်၏အလိုကျ သူမ၏အိမ်သို့ပြောင်းရွေ့နေထိုင်ခဲ့ပါသည်။သူမ၏အိမ်သို့‌ သက်တန့်ရောက်သည့်နေ့ကတည်းက နန်းဆက်သည်သက်တန့်ကိုရှိနေတယ်လို့ ထင်မှတ်ဟန်မတူပဲ ခပ်စိမ်းစိမ်းနေပါ၏။

သက်တန့်ကို အနားမှာရှိနေပေးပါဟုပြော၍ အသဲအသန်ဖြစ်နေခဲ့သော နန်းဆက်သည် သက်တန့်ရှိနေသောအခါတွင် ဂရုမစိုက်ခြင်းက ဘယ်လိုများပါလိမ့်ဟု သက်တန့်မတွေးတတ်ခဲ့ပါ။

အမှန်တော့ နန်းဆက်သည်သက်တန့်ကို ဂရုမစိုက်မိ‌အောင်ကြိုးစားနေခဲ့ခြင်းဖြစ်သည်။သက်တန့်အနားတွင်ရှိလိုက်ချိန်တိုင်း နန်းဆက်ထံ၌ခံစားချက်တို့ဖြစ်တည်လာလျှက် ဝေဒနာတို့ကိုဖြစ်ပေါ်စေသည်။

ဝေဒနာတို့ကို ဆန့်ကျင်၍ သက်တန့်ကို ဂရုစိုက်ဖို့ နန်းဆက်မကြိုးစားနိုင်ခဲ့ပါ။နန်းဆက်ထံတွင် လုပ်ဆောင်ရန်အလုပ်တာဝန်များစွာရှိနေ၏။ထို့ကြောင့် ခံစားချက်ကို မျက်ကွယ်ပြုရင်း နန်းဆက်သည် သက်တန့်ကို ခပ်စိမ်းစိမ်းနေခဲ့ခြင်းဖြစ်သည်။

သက်တန့်ကမသိသဖြင့် နန်းဆက်ကိုဘယ်လိုထင်နေမလဲ နန်းဆက်မသိပါ။သို့သော် နန်းဆက်အခုတစ်လောတွေးနေမိတာက သက်တန့်၏အကြောင်းတွေသာဖြစ်နေခဲ့၏။သူမက နန်းဆက်၏စိတ်အာရုံကိုစိုးမိုးထားခဲ့သည်။အဲ့ဒါမဖြစ်သင့်ဘူးလို့ နန်းဆက်ထင်မိသည်။

မှန်တာပေါ့။နန်းဆက်မှာရှိ‌နေသည့် ကြီးကျယ်ခမ်းနားပါသည်ဆိုသော တာဝန်တစ်ခုအတွက် သက်တန့်ကိုချစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးမဟုတ်လား။ဒီလမ်းကို နန်းဆက်ရွေးချယ်မိလျှင် လမ်းအဆုံး၌ သေခြင်းတရားကစောင့်ကြိုနေမှာကိုသိရက်နှင့် နန်းဆက်မိုက်မဲသင့်ပါသလား.....မဖြစ်သင့်ပါ။

နန်းဆက်၏ဘဝကို မိန်းကလေးတစ်ယောက်ကြောင့် အဆုံးရှုံးခံသင့်ပါသလားဟု တွေးမိသောအခါ မာနပြင်းပြင်းတို့က မဖြစ်သင့်ဘူးဟု တားဆီးနေကြသည်။ဒါဆိုရင် ဒီဝေဒနာတွေကို ကြိတ်မှိတ်ခံစားဖို့သာရှိတော့၏။ဒါပေမယ့် နန်းဆက် အဲ့ဒီလိုလည်း မခံစားချင်ဘူး......ပင်ပန်းလွန်းလို့......။

နောက်တစ်ခုက မိမိလုပ်ကိုင်နေသောတာဝန်အရ စာအုပ်ကချစ်ခင်စုံမက်ခြင်းကိုခွင့်မပြုကြောင်း နန်းဆက်သိနေသည်။သက်တန့်ကိုချစ်တယ်လို့ နှလုံးသားက ခံစားမိတိုင်းပြင်းထန်စွာနာကျင်လာရတာ အကြိမ်ပေါင်းမနည်းတော့ပါ။ဤမျှအထိ ဝေဒနာတွေခံစားပြီး သက်တန့်ကိုချစ်သင့်ပါသလား။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now