Chapter(33)

30 2 0
                                    

မိမိဘေးနားမှာအိပ်ပျော်နေသောနန်းဆက်၏မျက်နှာလေးကိုသက်တန့်သေချာကြည့်နေမိသည်။

သိပ်ကိုလှပလွန်းလို့အဲ့ဒီမျက်နှာကိုငေးကြည့်မိတိုင်းအကြည့်မလွှဲနိုင်ခဲ့တာသက်တန့်အတွက်ထုံးစံတစ်ခုလိုပင်ဖြစ်‌နေခဲ့သည်။သက်တန့်သည်နန်းဆက်ရဲ့မျက်နှာလေးရှိအစိတ်အပိုင်းတစ်ခုချင်းစီကိုလက်ဖြင့်ထိတွေ့ကြည့်နေမိ၏။

"ကိုယ့်ကိုဘာလုပ်ဖို့ကြံစည်နေတာလဲ ကလေးမ"

"အာ.....နန်းဆက်.....ရှင်ဘယ်အချိန်ထဲကနိုးနေတာလဲ"

"ကြာပြီဆိုပါတော့ Honey။ဖြေစမ်းပါဦး။မင်းဘာလုပ်နေသလဲဆိုတာ"

"ရှင်ကသိပ်လှလွန်းလို့ကြည့်နေတာ။ရှင့်ကိုအဲ့ဒီလိုကြည့်နေချင်လို့"

"ဒါပဲလား....."

"အင်းလေ"

"နောက်ထပ်ရော ဘာလုပ်ချင်သေးလဲ Honey"

"ဘာမှမလုပ်ချင်ပါဘူး"

ထိုအခါတွင်နန်းဆက်ကသက်တန့်၏ကိုယ်လေးကိုကိုင်တွယ်ပွတ်သပ်ရင်းမေး၏။

"ဒါဆိုကိုယ်ဘာလုပ်ပေးရမလဲ"

နန်းဆက်၏မျက်နှာက တည်တည်တံ့တံ့မရှိပဲအချိုးမပြေဖြစ်နေသဖြင့် သက်တန့်မျက်စောင်းထိုးလိုက်မိသည်။

"ဘာတွေပြောနေတာလဲ နန်းဆက်"

"ကိုယ်ဘာပြောလို့လဲ"

"ရှင်က မဟုတ်တာ‌တွေပြောဖို့ကြိုးစားနေတာလေ"

"အထင်မလွဲပါနဲ့ ကလေးမ။ကိုယ်ပြောချင်တာက မနက်စာစားဖို့ဘာတွေလုပ်ပေးရမလဲပြောတာ။ကိုယ်ကရိုးသားပါတယ်"

"ရှင်မျက်နှာကပြီတီတီနဲ့။ပြီးတော့ရှင့်ရဲ့လက်တွေကသက်တန့်ကိုယ်ပေါ်မှာလေ။အဲ့ဒါလား ရိုးသားတာ"

"တကယ်ပါဆို။ကိုယ်ဘာမှမဟုတ်တာမလုပ်ပါဘူး"

"တော်တော့ နန်းဆက်။သက်တန့် ကိုယ်လက်သန့်စင်တော့မယ်။ဖယ်ပေးတော့"

"ဟုတ်ပါပြီကွာ။ကိုယ်မင်းကိုကူညီပေးမယ်"

နန်းဆက်ကသက်တန့်ကိုပွေ့ယူဖို့ကြိုးစားလိုက်သောအခါ

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now