For You

56 3 0
                                    

သက်တန့်မျှော်စင်...တဲ့......နှိုင်း သက်ဝင်ကိုးကွယ်ယုံကြည်တဲ့ဇာတ်ကောင်လေး......။

သက်တန့်မျှော်စင်ကြောင့် နှိုင်းရဲ့အချစ်စစ်ကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား။အဲ့ဒါ တကယ့်ဖြစ်ရပ်မှန်တစ်ခုပါ။

သက်တန့်မျှော်စင်ကို လွန်ခဲ့သော 2021တုန်းကရေးသားခဲ့တာ။ဒါက နှိုင်းရဲ့၃ပုဒ်မြောက်ရေးသားတဲ့Ficတစ်ခု......။

နှိုင်းရဲ့ ပထမဆုံး accဖြစ်တဲ့ စံစံနှိုင်းခ မှာ ရေးသားခဲ့တာ။အဲ့ဒီ accထဲမှာရှိတဲ့နှိုင်းရဲ့ပရိတ်သတ်တွေကို သတိရမိတယ်။အကောင့်ပျက်သွားတော့ အသစ်တွေဖွင့်ရင်း အခုမှ ဒီ Ficတွေကို ဖြည်းဖြည်းချင်းပြန်တင်ပေးနေမိတာ။

သက်တန့်မျှော်စင်ဆိုတဲ့Ficတစ်ခုလုံးကို နှိုင်းရဲ့အိမ်မက်တွေနဲ့အတူရေးသားဖြစ်ခဲ့တာ။ဟုတ်တယ်....စာရေးသားနေစဉ်တစ်လျှောက်လုံးမှာ အိမ်မက်တွေမက်ခဲ့တယ်။ဘာရေးရမှန်းမသိတဲ့ရက်တွေဆို အိမ်မက်တွေမက်ရင်း ရေးသားဖို့စာသားတွေရှာဖွေတွေ့ရှိခဲ့တယ်။

အဲ့ဒီလိုနဲ့ သက်တန့်မျှော်စင်ကိုရေးသားရင်း အဲ့ဒီကောင်မလေးကို စတင်တွေ့ရှိခဲ့တယ်ဆိုပါတော့။ပထမပိုင်းမှာ‌ေတာ့သူမက ကျွန်မရဲ့သာမာန်ပရိတ်သတ်တစ်ယောက်ပါပဲ။

သူကျွန်မရဲ့Ficတွေကိုလာဖတ်တဲ့အချိန်မှာ ကျွန်မဆီမှာ ရင့်ရင့်ရိုင်း၊နောက်  Silent and deepest love for you ရယ်၊အခုပြောနေတဲ့ ပိုင်ဆိုင်ခွင့်ပြုပါသက်တန့်မျှော်စင် ဆိုတဲ့ Ficရယ် ရှိနေခဲ့တာပေါ့။

သူမက သက်တန့်မျှော်စင်ကိုပဲ ပုံမှန်ဖတ်ပြီး အားပေးခဲ့တဲ့သူပါ။ကျွန်မရဲ့တစ်ခြားဇာတ်လမ်းတွေကို သူက လုံးဝမဖတ်ခဲ့ဘူး။သိတောင်မသိခဲ့ဘူးလေ။

သူမက သက်တန့်မျှော်စင်ကိုအရမ်းကြိုက်တယ်ပြောတယ်။Voteတွေပုံမှန်ပေးတယ်။Comment တစ်ခုရေးတယ်။

ဟုတ်တယ်....Ficတစ်ခုလုံးမှာ အဲ့ဒီ Comment တစ်ခုပဲရေးခဲ့တာပါ။အဲ့ဒီ Commentကြောင့်ပဲ ကျွန်မတို့နှစ်ဦးသားချစ်သူတွေဖြစ်လာခဲ့ကြတာ။အဲ့ဒီနေ့က သူမသာ ကျွန်မကို အဲ့ဒီ Comment မပို့ခဲ့ရင်.....အင်း.... ဝမ်းနည်းဖွယ်ကောင်းတဲ့ အဆုံးသတ်တစ်ခုဖြစ်တည်သွားလိမ့်မယ်။သူမက နှိုင်းကိုဆိုးဝါးမှုတွေက ကယ်တင်ပေးခဲ့သူပါပဲ။

အဲ့ဒီနေ့ကစပြီး သူမနဲ့ရင်းနှီးလာရင်း  Ficက ဇာတ်သိမ်းသွားတယ်။သူ့ကို မှတ်မှတ်ထင်ထင် သတိရနေတာမို့ သူ့အတွက် ကျေးဇူးတင်စကားလေးကို သီးသန့်ရေးမိတယ်။ဒါပေမယ့် သူလာမဖတ်ခဲ့ဘူး။အကြာကြီးပျောက်ဆုံးနေခဲ့တယ်။

တစ်ရက် သူကျွန်မဆီရောက်လာခဲ့တယ်လေ။သူအရမ်းအံ့ဩသွားတယ်ထင်ပါရဲ့။ပြီးတော့ သူက ဒေါသလည်းအရမ်းကြီးတတ်တာ။

အဲ့တုန်းကတော့ သူကဒေါသကြီးတတ်တဲ့သူမှန်း နှိုင်းမသိခဲ့ဘူးပေါ့။သူနဲ့ချစ်သူဖြစ်ပြီး နောက်ပိုင်းမှသိရတာ။အဲ့တုန်းက ဒီအတိုင်း သူ့ကိုသတိရပြီး ကျေးဇူးတင်စကားတွေရေးထားမိတာ။

သူက သူ့ကိုခွင့်မတောင်းပဲ ကိုယ့်သဘောနဲ့ကိုယ်ရေးတယ်ဆိုပြီး ရန်တွေ့ဖို့လာသတဲ့။ဒါပေမယ့်လေ....သူကျွန်မကိုရန်မတွေ့ခဲ့ပါဘူး။အဲ့ဒီရန်တွေ့ခြင်းတွေအစား ချစ်ခြင်းတွေပေးခဲ့တယ်။

သူပြောတယ်။မင်းရှေ့ရောက်သွားတဲ့အချိန် ဒေါသတွေပျောက်ဆုံးကုန်တယ်တဲ့။သူ့ဆီမှာ ချစ်ခြင်းတွေရှိနေခဲ့တယ်လို့ နှိုင်းကိုပြောတယ်။အဲ့ဒီလိုနဲ့ သူက နှိုင်းကိုချစ်ရေးဆိုခဲ့တယ်လေ။

အဲ့ဒီနောက်မှာ သက်တန်‌့မျှော်စင်ကြောင့် နှိုင်းရဲ့အချစ်စစ်ကိုရှာဖွေတွေ့ရှိသွားခဲ့ရပါတယ်။

သူမကိုသိပ်ချစ်တယ်.....အခုအချိန်အထိလည်း အချစ်တွေမလျှော့ဘူး....နောင်လည်း အခုထက်ပိုတိုးပြီးချစ်သွားဦးမှာပါ။

အခု နှိုင်းတို့နှစ်ဦးသား ချစ်ခြင်းတွေနဲ့အတူတူရှိနေကြပါတယ်။

သူမရယ်၊နှိုင်းရယ်၊နှိုင်းချစ်တဲ့Ficတွေရယ်....ပြီးတော့ နှိုင်းကိုအားပေးကြတဲ့ပရိတ်သတ်တွေရယ်.....အင်း....အဲ့လောက်ဆို နှိုင်းအတွက် ပြီးပြည့်စုံပါတယ်။အရာရာတိုင်းအတွက်လည်း ကျေးဇူးတင်မိတယ်။

နှိုင်းရေးတဲ့စာတွေကို အားပေးဖတ်ရှုတဲ့ စာဖတ်ပရိတ်သတ်တွေကြောင့် နှိုင်းဆိုတာဖြစ်တည်နေခဲ့ရတာပါ။အဲ့ဒါကြောင့် စာဖတ်သူအားလုံးကို လေးလေးနက်နက်ကျေးဇူးတင်ပါတယ်။

နှိုင်းရဲ့ဘေးနားမှာရပ်တည်ပေးပြီး အရာရာကိုသည်းခံခွင့်လွှတ်ခြင်းတွေနဲ့အချစ်တွေပေးရင်းရှိနေတဲ့ နှိုင်းရဲ့ချစ်ရသူကောင်မလေးကိုလည်း ကျေးဇူးတင်မိသလို အရမ်းချစ်မြတ်နိုးရပါတယ်။

အရာအားလုံးအတွက် ကျေးဇူးတင်မိရင်း.........
               
              နှိုင်းခ(သို့မဟုတ်)အေဗရီရင့်ဟန်
         

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now