Chapter(41)

12 2 0
                                    

နန်းဆက်အိမ်ရှေ့တွင်သက်တန့်ရဲ့ကားရပ်လိုက်သောအခါခြံတံခါးက ချက်ချင်းပွင့်သွားခဲ့သည်။သက်တန့်သည်ပွင့်နေသောတံခါးမှတစ်ဆင့်ခြံထဲသို့ ကားကိုအသဲအသန်မောင်းဝင်သွားခဲ့သည်။ထို့နောက် ကားကိုဖြစ်သလိုရပ်ထားခဲ့၍အိမ်ထဲသို့ပြေးဝင်လာခဲ့သည်။

ပြင်းထန်‌သောအရှိန်ဖြင့်ခြံထဲသို့ဝင်လာသောသက်တန့်ရဲ့ကားကိုကြည့်၍ နန်းဆက်၏အစောင့်များက တားဆီးဖို့မေ့နေကြဟန်တူသည်။ထို့နောက်တွင်မှ သတိဝင်လာကြ၍ သက်တန့်ကို တားဆီးဖို့ကြိုးစားကြသည်။

သက်တန့်က အားလုံးကို ဂရုမစိုက်ပဲ နန်းဆက်ကိုအော်ခေါ်လိုက်သည်။

"နန်းဆက်....."

"သူဌေးကို အခုအချိန်မှာ မင်းမတွေ့သင့်ဘူး သက်တန့်"

သူတို့ပြောတာတွေကို သက်တန့် ဂရုမစိုက်ချင်ပါ။နန်းဆက်ကိုပဲ ပြင်းပြစွာတွေ့ချင်နေသည်။

"သက်တန့်မှားခဲ့တာတွေကိုခွင့်လွှတ်ပေးပါ။နန်းဆက်မရှိတဲ့ဘယ်လိုနေရာမှာမှသက်တန့်မနေနိုင်ပါဘူး။ကျေးဇူးပြုပြီး သက်တန့်ကိုထွက်လာပြီးတွေ့ပါ"

"မင်းအခုထွက်သွားသင့်ပြီ။ငါတို့ကို ခက်ခဲအောင် မလုပ်စမ်းပါနဲ့"

"ဘာပဲဖြစ်ဖြစ် နန်းဆက်ကိုတွေ့ရမှဖြစ်မယ်......နန်းဆက်......"

သက်တန့်ကနန်းဆက်ရဲ့နာမည်ကို နင့်နင့်သီးသီးခေါ်ရင်း သူမကိုတွေ့ခွင့်ရဖို့ ကြိုးစားနေမိသည်။နန်းဆက်၏ဝန်ထမ်းတွေက သက်တန့်ကို တားဆီးဖို့ကြိုးစားကြ၏။

"သူဌေးနေမကောင်းဘူး သက်တန့်။မင်းကို တွေ့နိုင်မှာမဟုတ်ဘူး။သူ‌ဌေးကို ဒီလောက်အထိနှိပ်စက်ပြီးရင် တော်သင့်ပြီ။အခုပြန်ထွက်သွားလိုက်တာ ကောင်းမယ်ထင်တယ်။ငါတို့မင်းကို အကြမ်းနည်းနဲ့နှင်မထုတ်ချင်ဘူး"

"နန်းဆက်က သက်တန့်ကိုတွေ့ချင်မှာပါ။ကျေးဇူးပြုပြီး တွေ့ခွင့်ပေးပါ။အခုချက်ချင်း သူမနဲ့တွေ့ဖို့လိုအပ်နေလို့......"

သက်တန့် ငိုကြွေးရင်းအကြိမ်ကြိမ် တောင်းပန်နေခဲ့၏။သူတို့ကလည်း သက်တန့်ကိုအပြင်းအထန်တားဆီးကြသည်။

LET ME OWN YOU.....!!RAINBOW TOWERDär berättelser lever. Upptäck nu