Chapter(3)

123 11 0
                                    

သက်တန့် သတိရလာသောအခါ နန်းဆက်ကိုတွေ့လိုက်ရသည်။

"မင်း သတိရလာပြီပဲ။မင်းအဖျားတွေတက်နေတာ၃ရက်တောင်ရှိနေပြီ"

"ရှင့်ကို ထပ်ပြီးပြဿနာရှာမိပြန်ပြီထင်တယ်"

"အင်း....အဲ့ဒါကမင်းကိုတွေ့တွေ့ချင်း ရက်ရက်စက်စက်သေခိုင်းမိတဲ့အတွက်လက်စားပြန်ချေတာလို့ကိုယ်ထင်တာပဲ"

"တကယ်ပြန်တွေးကြည့်တော့ရှင်မှန်ခဲ့ပါတယ်။သက်တန့်က ကိုယ့်ရဲ့ဒုက္ခတွေအတွက် တစ်ခြားသူကိုအမှုပတ်အောင် လုပ်ခဲ့မိတာ။ရှင့်လုပ်ခဲ့တဲ့လုပ်ရပ်က မှန်ကန်သားပဲ"

နန်းဆက်ကသက်တန့်ကိုခပ်လှောင်လှောင်မျက်နှာဖြင့်ကြည့်ရင်းပြောသည်။

"မင်းကို ဘာမှကောင်းကောင်းမတွေးနိုင်တဲ့ ခပ်စွာစွာကောင်မလေးလို့ထင်ထားတာ။မင်းက ဒီလိုလည်းမှန်ကန်စွာတွေး‌ခေါ်နိုင်သေးတာပဲ။မဆိုးဘူး"

"ရှင်က အမြဲတမ်းစကားကို အပေါ်စီးကပြောတယ်နော်။ဘယ်တော့မှ လူတစ်ဖက်သားကိုညှာတာလေ့မရှိဘူး"

"အဲ့ဒါ မင်းအမြဲတမ်းတွေ့ရမယ့်ကိုယ့်ရဲ့ပုံစံပဲကလေးမ"

"နောက်ထပ် ရှင်နဲ့ တွေ့စရာ....ပတ်သက်စရာအကြောင်းရင်းရှိသေးလို့လား"

"ရှိကောင်းရှိလိမ့်မယ်လို့ကိုယ်တော့ထင်တာပဲ"

"ဘာကြောင့်လဲ"

"ကိုယ်ကမင်းရဲ့ပန်းချီပြပွဲအသက်ဝင်လာစေဖို့အတွက်ကူညီပေးရင်ကောင်းမလားလို့"

"ရှင်က သက်တန့် ဖြစ်ချင်တဲ့အရာကိုဘယ်လိုသိတာလဲ"

"ကိုယ့်ရဲ့ကားပေါ်မှာမင်းကျန်ခဲ့တဲ့ စာအုပ်ကတစ်ဆင့်ပေါ့"

"ရှင်က သက်တန့်ရဲ့စာအုပ်ကို ခွင့်ပြုချက်မရပဲကိုင်ခဲ့တာပေါ့"

"မင်းစည်းကမ်းမရှိလို့ကျန်ခဲ့တာလေ။အဲ့ဒါအတွက်စောင့်ထိန်းဖို့ကိုယ့်မှာတာဝန်မရှိဘူး ကလေးမ"

"ရှင်က အပြစ်လည်းလုပ်သေးတယ်။လေသံကမလျှော့ဘူးနော်။ရှင့်ကိုယ်ရှင် ဘာထင်နေတာလဲ"

"ကိုယ့်ကိုမင်းက ရန်တွေ့ဖို့ကြိုးစားနေတာပဲလား။တကယ်ဆို အခုကိစ္စနဲ့ပတ်သက်ပြီး မင်းကိုယ့်ကို ကျေးဇူးတင်သင့်တာ"

LET ME OWN YOU.....!!RAINBOW TOWERDär berättelser lever. Upptäck nu