Chapter(32)

25 2 0
                                    

နန်းဆက်သည် သတိမေ့နေရာမှနိုးလာသောအခါမိမိအနီးတွင်ရှိ‌နေခဲ့‌သောသက်တန့်ကိုတွေ့လိုက်ရ၏။

"ဒဏ်ရာကသိပ်နာနေသလားဟင်"

သက်တန့်ကနန်းဆက်ကိုနမ်းရှိုက်ဖို့ကြိုးစားသောအခါနန်းဆက်ကငြင်းဆန်လိုက်ပါ၏။

"ကိုယ့်ကိုမနမ်းနဲ့Honey"

နန်းဆက်သည်သက်တန့်ရင်ခွင်ထဲမှရုန်းထွက်လိုက်ရင်းသက်တန့်၏ယုယမှုများကိုငြင်းဆန်လိုက်ပါသည်။

"သက်တန့်ကိုစိတ်မဆိုးပါနဲ့နန်းဆက်ရယ်။သက်တန့်မနေနိုင်လို့ပါ"

"မနေနိုင်ရင်ဇိန်းနဲ့သွားတွေ့လိုက်ပေါ့ Honey"

"ဘယ်လိုစကားမျိုးပြောလိုက်တာလဲနန်းဆက်။အဲ့ဒီစကားမျိုးကရင့်သီးပက်စက်လွန်းတယ်"

"မင်းကိုအဲ့ဒီလိုပြောသင့်တာပဲလေ။မင်းကအမြဲတမ်းဇိန်းကိုကြည်ဖြူနေခဲ့တာမဟုတ်လား"

"မဟုတ်ပါဘူး နန်းဆက်ရယ်။ရှင်ကျေနပ်အောင်သက်တန့်ဘာလုပ်ရမလဲ။ပြောပါ"

"ဒီအရာကတစ်ခုခုပြန်လုပ်ပေးလို့ရတဲ့ကိစ္စမျိုးလို့မင်းသတ်မှတ်ထားသလား Honey"

"အဲ့ဒီလိုဆိုလိုတာမဟုတ်ပါဘူး။ဖြစ်ပြီးသွားတဲ့အရာကိုပြန်ပြင်ဆင်လို့မရပေမယ့် နန်းဆက်ကျေနပ်တဲ့အထိတောင်းပန်ခွင့်တော့ရှိတယ်မဟုတ်လား"

"ဒီဖြစ်စဉ်အတွက်အခွင့်အရေးတစ်ခုပေးပါလို့တောင်းဆိုဝံ့သလား Honey"

"မဝံ့ရဲပါဘူး နန်းဆက်။ဒါပေမယ့်နန်းဆက်ကသက်ညှာပေးမယ်မို့လား။နန်းဆက်ရဲ့ချစ်ခြင်းတွေကသက်တန့်အတွက်ရှိနေမယ်လို့ယုံကြည်ပါတယ်"

"မင်းကတော်တော်လေးစကားတတ်တာပဲ"

နန်းဆက်ကမဲ့ပြုံးတစ်ချက်ပြုံးရင်းသက်တန့်ကိုကြည့်လိုက်သည်။

"တစ်ခုခုပြောပါ နန်းဆက်။အဲ့ဒီလိုလုပ်မနေပါနဲ့"

နန်းဆက်ကသက်တန့်၏မျက်နှာကိုအတန်ကြာအောင်အေးစက်သောမျက်လုံးများဖြင့်စိုက်ကြည့်နေခဲ့သည်။ထိုနောက်သက်တန့်၏လက်ကိုကိုင်၍

"ကိုယ်နဲ့လိုက်ခဲ့ Honey"

သက်တန့်ကို‌နန်းဆက်ကနေရာတစ်ခုသို့ခေါ်ဆောင်သွားခဲ့သည်။နန်းဆက်ခေါ်သွားသောနေရာကိုကြည့်၍ သက်တန့်မျက်လုံးပြူးသွားခဲ့ရသည်။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now