Chapter(9)

55 7 0
                                    

သက်တန့် အိပ်ရာမှနိုးလာ‌သောအခါ ညနေသို့ရောက်နေပြီဖြစ်သည်။ဒါဆို ဒီနေ့တစ်နေ့လုံး သက်တန့် အိပ်ပျော်သွားခဲ့တာပေါ့။

ထိုခဏတွင် သက်တန့်၏အတွေးထဲသို့ အရင်ဆုံးရောက်လာတာက နန်းဆက်အကြောင်း ဖြစ်၏။

နန်းဆက်၏ဒဏ်ရာသက်သာရဲ့လားဟု တွေးမိရင်း သူမကိုရှာဖွေမိသည်။နန်းဆက် ရှိနေတတ်သောနေရာအနှံ့တွင် ရှာဖွေမိသော်လည်း သူမကိုမတွေ့ရပါ။

နောက်ဆုံးရှာစရာနေရာက စာကြည့်ခန်းတစ်ခုသာကျန်တော့၏။ထို့ကြောင့် သက်တန့်က စာကြည့်ခန်းရှိရာသို့ ထွက်လာခဲ့သည်။

စာကြည့်ခန်းထဲတွင်စာအုပ်တစ်အုပ်ကို စိတ်ပါဝင်စားစွာ ဖတ်နေခဲ့သော နန်းဆက်ကိုတွေ့လိုက်ရသဖြင့် သက်တန့် အနည်းငယ် စိတ်သက်သာရာရသွားသည်။ဒီပုံစံအရဆိုရင် နန်းဆက်၏အခြေအနေအရမ်းမဆိုးတော့တာသေချာ‌နေသည်။

"နန်းဆက်....."

"မင်း နိုးလာပြီပဲ။ဝင်လာခဲ့လေ"

နန်းဆက်က လှမ်းခေါ်လိုက်သဖြင့် စာကြည့်ခန်းထဲသို့ သက်တန့်လှမ်းဝင်သွားလိုက်သည်။နန်းဆက်က သူမထိုင်နေသော ခုံမှထ၍ပြတင်းပေါက်အနီးသို့ လျှောက်လှမ်းသွားခဲ့သည်။

ထိုပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ငေးမောရင်း နန်းဆက်ကသက်တန့်ကို ဤသို့ပြောလာခဲ့ပါသည်။

"အခုမင်းထွက်သွားတော့မယ်ဆိုပါတော့။ဒါဆိုရင် ကိုယ်တို့စာရင်းရှင်း......."

နန်းဆက်၏စကားမဆုံးခင် သက်တန့်က စကားဖြတ်ပြောလိုက်သည်။

"သက်တန့် ရှင့်အနားက ထွက်မသွားတော့ဘူး နန်းဆက်"

ရုတ်တရက်ပြောလိုက်သော သက်တန့်၏စကားကြောင့် နန်းဆက်က အံ့အားသင့်သော မျက်ဝန်းများဖြင့် သက်တန့်ကိုကြည့်လာခဲ့ပါသည်။

သို့သော် သူမ၏အံအားသင့်ခြင်းက ခဏတာသာဖြစ်သည်။သူမ၏ နှုတ်ခမ်းပေါ်တွင် ရှိနေကျဖြစ်သော မထိတရိအပြုံးသဲ့သဲ့က ချက်ချင်းဖြစ်တည်လာခဲ့ရင်း ဤသို့ပြောလာခဲ့ပါသည်။

"ဘာ့ကြောင့်လဲ ကလေးမ။ကိုယ်ပြန်တောင်းမယ့်လျော်ကြေးကြောင့်လား။အဲ့ဒါက ပမာဏများတော့ မင်းအတွက် အဆင်မပြေဘူးထင်တယ်နော်"

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now