Chapter(48)

15 2 0
                                    

"နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီပဲ သက်တန့်။မင်းသေဖို့ဆုံးဖြတ်ပြီးပြီပေါ့"

"နန်းဆက်ကသက်တန့်ကို တကယ်ပဲမုန်းသွားပြီထင်တယ်။နန်းဆက်ရဲ့အမုန်းတွေကိုမလိုချင်ဘူးဆိုတော့ သေခြင်းကိုလက်ခံလိုက်ဖို့ပဲရှိတာပေါ့ ဦးလေးငယ်"

"ဒါပေါ့......သက်တန့်မျှော်စင်။မင်းကသေဆုံးသွားသင့်တာပဲ"

"ဒါဆို သက်တန့်မသိသေးတဲ့အကြောင်းအရာတွေပြောပြပါ ဦးလေးငယ်"

ဤသို့ဖြင့်ဦးလေးငယ်သည်တစ်ချိန်ကဖြစ်ပျက်ခဲ့သောအဖြစ်အပျက်တစ်ချို့ကို ပြောပြခဲ့ပါ၏။

တစ်ချိန်က စုန်းမျိုးနွယ်စုတစ်ခုရှိခဲ့၏။သူတို့က ရှေးဟောင်းစုန်းတွေရဲ့နောက်ဆုံးလက်ကျန်မျိုးဆက်တွေပေါ့။အဲ့ဒီမျိုးနွယ်‌တွေက လူသား‌တွေအပေါ်ရက်စက်ဆိုးသွမ်းပြီး ပြုစားသတ်ဖြတ်ဖို့အတွက်ကိုပဲဆာလောင်နေတတ်ကြသည်။

ထိုကိစ္စတွေကို ကာကွယ်တားဆီးဖို့အတွက်အိမ်မက်မြို့ဆိုပြီးဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။စုန်း‌တွေနေထိုင်ရာနေရာနှင့်လူသားတွေရှိရာ‌ကိုအိမ်မက်မြို့တည်၍စည်းတစ်ခုအနေဖြင့်တားဆီးပိတ်ပင်ထားခဲ့သည်။

အိမ်မက်မြို့၏အရှင်သခင်ဖြစ်လာသူသည် ထိုစုန်းမျိုးနွယ်စုက လူသားများကိုဒုက္ခမပေးနိုင်စေရန်တာဝန်ယူရ၏။ထိုကိစ္စသည် အိမ်မက်မြို့အရှင်သခင်အဆက်ဆက်၏တာဝန်ဖြစ်ခဲ့သည်။အိမ်မက်မြို့နှင့်စုန်းမျိုးနွယ်စုတို့နေထိုင်ရာ‌လွင်ပြင်၏ကြားတွင်သစ်တောတစ်ခုဖြင့်ခြားနားထားသည်။

စုန်းမျိုးနွယ်စုတွေသည် ဝင်္ကပါသစ်တော၏တစ်ဖက်ခြမ်းရှိလွင်ပြင်တွင်သာနေထိုင်ဖို့အိမ်မက်မြို့အရှင်သခင်တို့ကဆုံးဖြတ်ခဲ့၏။စုန်းများသည် ဝင်္ကပါသစ်တောကိုဖြတ်ကျော်၍သွားခွင့်မရှိပါ။

သစ်တောတစ်ခုလုံးတွင် အသက်ဝင်လျှက်ရှိသောသစ်ပင်များဖြင့်ပြည့်နှက်နေခဲ့ပြီး ခွင့်ပြုချက်မရှိပဲစုန်းတစ်ယောက်ဖြတ်သန်းမိလျှင် ထိုစုန်းကိုသစ်တောကဝါးမြိုဖျက်ဆီးပစ်လေ့ရှိ၏။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now