Chapter(4)

100 11 0
                                    

နန်းဆက်ကသက်တန့်၏ကျန်းမာရေးကို စိတ်ချရသည့်အချိန်အထိ သူမ၏နေအိမ်တွင်အတူတူရှိနေပေးခဲ့ပါသည်။

"မင်း နေကောင်းနေပြီဆိုတော့ ကိုယ်ပြန်တော့မယ်။ကိုယ် ကူညီပေးမယ်လို့ ပြောထားတဲ့ကိစ္စကို မင်းသေချာစဉ်းစားပါ ကလေးမ....."

"သက်တန့် စဉ်းစားပြီးရင် နန်းဆက်ကို ပြောပါ့မယ်"

နန်းဆက်က သက်တန့်၏လက်ထဲသို့ ကတ်လေးတစ်ကတ်ကိုထည့်ပေးလိုက်ရင်း

"ဒါက ကိုယ့်ရဲ့ဖုန်းနံပါတ်။စဉ်းစားပြီးရင်ပြောပါ"

"သက်တန့်ရှင့်ဆီကိုဖုန်းဆက်လိုက်ပါ့မယ်"

"အိုကေ......ဒါဆို ကိုယ်သွားတော့မယ်"

နန်းဆက်ပြန်‌သွားသောအခါ သက်တန့်က တစ်ယောက်ထဲ အကြိမ်ကြိမ်အခါခါ စဉ်းစားနေမိသည်။နန်းဆက်ပေးမည့် အကူအညီကို ယူလိုက်ရမလား၊ဒါမှမဟုတ် ငြင်းပယ်လိုက်ရမလား......။

သက်တန့်က အခြေအနေနှစ်ခုကြားတွင် တွေဝေနေခဲ့သည်။သူမ ဘာကို ဆုံးဖြတ်ရမလဲ မသေချာခဲ့ပါ။

သက်တန့်က နန်းဆက်ထည်ဝါ၏ခပ်ကြောကြောအပြုအမူများကို မုန်းသည်။ထိုအပြုအမူအားလုံးကို သည်းခံပြီး နန်းဆက်နှင့် အမြဲတမ်း ပတ်သက်နိုင်ပါမလား။

ထိုသို့စဥ်းစားမိ‌သောအခါသက်တန့်က သူမကို ငြင်းဆန်လိုက်ဖို့ ကြိုးစားလိုက်သည်။သို့သော် သက်တန့်၏အိမ်မက်များက နန်းဆက်၏အကူအညီကို လက်ခံလိုက်ဖို့တောင်းဆိုနေကြပြန်သည်။

သက်တန့်အတွက် မလွယ်ကူသော အခြေအနေတစ်ချို့ကို ဆုံးဖြတ်ချက်ချဖို့ တစ်ယောက်ယောက်ကူညီကြပါ....ဟု မြည်တမ်းရင်း။

*********

တစ်ရက်ပြီးတစ်ရက် အချိန်‌တို့ ကုန်ဆုံးသွားခဲ့ကြသည်။ယခုအချိန်အထိ သက်တန့်က ဆုံးဖြတ်ချက်မချနိုင်သေးပါ။

ဤသို့ဖြင့်သက်တန့်သည် နန်းဆက်ထည်ဝါ၏လွှမ်းမိုးမှုများဆီက ထွက်ပြေးဖို့ကြိုးစားနေမိသူဖြစ်မှန်းမသိ ဖြစ်နေခဲ့၏။ထိုသို့ထွက်ပြေးဖို့ကြိုးစားသော်လည်း သက်တန့်၏ အတွေးထဲတွင် နန်းဆက်ထည်ဝါ၏အကြောင်းများက ‌ပြည့်နှက်နေခဲ့သည်။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now