Chapter(11)

53 4 0
                                    

နန်းဆက်က ဟိုတယ်သို့ပြန်ရောက်သောအခါ သက်တန့်ရှိနေခဲ့သော ‌ချောက်ကမ်းပါးအစွန်းရှိ လသာဆောင်သို့ တစ်ခါထဲတန်း၍ သွားလိုက်သည်။

နန်းဆက်ကိုသက်တန့်က မြင်ဟန်မတူပဲ သူမ၏အလုပ်ကို စိတ်ပါဝင်စားစွာလက်စသတ်နေခဲ့သည်။သူမကနန်းဆက်စေခိုင်းခဲ့သည့်အတိုင်းအလုပ်အားလုံးကို ပြီးအောင်ကြိုးစားထားပုံရသည်။

သက်တန့်၏ပုံစံက နန်းဆက်၏ မျက်လုံးထဲတွင် တစ်မျိုးလေးဆွဲဆောင်မှုရှိနေခဲ့သည့်အတွက် နန်းဆက်က သက်တန့်အနီးသို့မသွားသေးပဲ ဒီအတိုင်းလေးရပ်ကြည့်နေမိသည်။

ထိုအခိုက်တွင် သက်တန့်က နန်းဆက်ကိုမြင်တွေ့သွားပြီး ဤသို့ပြောလာခဲ့သည်။

"သက်တန့် အလုပ်ပြီးအောင်ကြိုးစားထားတယ်နန်းဆက်"

သက်တန့်က တိုးတိတ်ဖျော့တော့သော လေသံလေးဖြင့် နန်းဆက်အား ဆီးကြိုလိုက်ပါသည်။နန်းဆက်က သက်တန့်အနီးသို့လျှောက်လှမ်းသွားလိုက်သည်။

နန်းဆက်က သက်တန့်ကိုကြည့်နေစဉ်တွင် သူမ၏ခန္ဓာကိုယ်လေးက ယိမ်းယိုင်လဲပြိုကျလာခဲ့သည်။

နန်းဆက်ကသက်တန့်ကိုပွေ့ယူလိုက်ရင်း

"မင်း သိပ်ပင်ပန်းသွားပြီထင်တယ်"

"အင်း.....သက်တန့် သိပ်ကိုပင်ပန်းနေပြီ"

"ဒါဆို မင်းရဲ့ပင်ပန်းမှုတွေ ပျောက်သွားအောင် တစ်နေရာရာသွားပြီး အနားယူသင့်တယ်"

နန်းဆက်က ပြောရင်း သက်တန့်ကို ပွေ့ချီလိုက်ပါသည်။

"သက်တန့် လမ်းလျှောက်မယ်လေနန်းဆက်။အဲ့လိုမလုပ်ပါနဲ့"

"ကိုယ်မင်းကို နိုင်ပါတယ်"

ဟုတ်တာပေါ့......သက်တန့်ကိုယ်လေးက ပေါင်၁၀၀ပင်မပြည့်တဲ့ဟာ.....အမြဲတမ်းပြင်းထန်‌သောလေ့ကျင့်မှုတွေလုပ်လေ့ရှိသည့် နန်းဆက်က မနိုင်ပဲနေပါ့မလား။

"ရှင်နိုင်တာသိတယ် နန်းဆက်။ရှင် ပင်ပန်းနေမှာစိုးလို့"

"ကိုယ်ပင်ပန်းမှာ စိတ်ပူရင်ငြိမ်ငြိမ်လေးလိုက်ခဲ့။ကိုယ့်ရဲ့ကားနားကို မြန်မြန်ရောက်တော့ မင်းကိုအကြာကြီး ချီမထားရတော့ဘူးပေါ့။အခုတောင် မင်းစကားများနေတာနဲ့ ကြာနေပြီလေ"

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now