Chapter(17)

35 4 0
                                    

နန်းဆက်က စူးစူးဝါးဝါးနာကျင်နေသော ရင်ဘတ်ကိုဖိရင်း ကားကို ရပ်တန့်လိုက်သည်။ထိုနောက် ဦးလေးငယ်ထံသို့ ဖုန်းဆက်လိုက်သည်။

"ဦးလေးငယ် ထည်ဝါကို(....)လမ်းမှာ အခုချက်ချင်းလာခေါ်ပါ”

နန်းဆက်သည်ရင်ဘတ်ကိုဖိရင်းဆိုးရွားသောနာကျင်မှုကိုခံစားနေရသည်။ရင်ဘတ်ထဲမှလှိုက်၍တက်လာသော သွေးစတို့က နန်းဆက်၏ နှုတ်ခမ်းဖျားမှထွက်ကျလာခဲ့သည်။ဦးလေးငယ်ရောက်လာသောအခါ ရင်ဘတ်ကိုဖိရင်း နှုတ်ခမ်းမှထွက်ကျလာသော သွေးစတို့ကို သုတ်လိုက်သော နန်းဆက်ကိုကြည့်၍ ထိတ်လန့်တကြားမေးမြန်းပါ၏။

"ဘာဖြစ်တာလဲ ထည်ဝါ....."

"နောက်မှ ရှင်းပြမယ်။အခုအိမ်ကို မြန်မြန်ပြန်မှဖြစ်မယ်။မဟုတ်ရင် ထည်ဝါ သေသွားလိမ့်မယ်"

နန်းဆက်က ရင်ဘတ်ကိုဖိ၍ပြောရင်းနှုတ်ခမ်းဖျားမှ သွေးစတစ်ချို့ထပ်မံ၍ စီးကျလာခဲ့သည်။နန်းဆက်၏အခြေအနေကိုကြည့်၍ ဦးလေးငယ်က ဘာမှမေးမြန်းမနေတော့ပဲ့ နန်းဆက်၏စကားကို လိုက်နာခဲ့ပါသည်။အိမ်ပြန်ရောက်သောအခါ နန်းဆက်က လုပ်သင့်လုပ်ထိုက်သောကိစ္စများအားလျှင်မြန်စွာလုပ်ကိုင်လိုက်၏။ထည်ဝါ ဆောင်ရွက်နေသောအရာများကိုကြည့်၍သီးသန့်ရှင်းပြစရာမလိုပဲ ထည်ဝါဘာတွေဖြစ်နေလဲဆိုတာ ဦးလေးငယ် သိရှိသွားခဲ့ပါသည်။

"အဲ့ဒါသက်တန့်လက်ချက်လားထည်ဝါ"

"သက်တန့်က အဲ့ဒီအရာနဲ့ချိတ်ဆက်မိသွားပြီ ဦးလေးငယ်။သူမဆီမှာ အဲ့ဒီအရာက စတင်နေပြီ"

"ဘာ...."

"အင်း....အဲ့ဒီအရာက စကားလုံးတွေကိုပါ လွှမ်းမိုးနေပြီထင်တယ်။ချိတ်ဆက်မှုကို အခုဖြတ်တောက်မှဖြစ်လိမ့်မယ်။ကြာရင်တားဆီးနိုင်မှာမဟုတ်ဘူး"

"ဘယ်လိုဖြစ်လို့လဲ။ဘာ့ကြောင့် အဲ့ဒီအရာက ‌စတင်လာရတာလဲ"

"အဲ့ဒါကို ထည်ဝါလည်းမသိဘူး။အခုတော့ ထည်ဝါဘာလုပ်ရမလဲဆိုတာပဲ သိတယ်"

"ဒါပေမယ့်အခုဖြစ်နေတဲ့ မင်းရဲ့ အခြေအနေက အဲ့ဒါကိုခံနိုင်ရည်ရှိမှာမဟုတ်ဘူးထင်တယ်"

LET ME OWN YOU.....!!RAINBOW TOWERDonde viven las historias. Descúbrelo ahora