Chapter(53)

18 2 0
                                    

"မင်းနေကောင်းတယ်ဆိုရင် မင်းကိုကိုယ်က နေရာတစ်ခုဆီခေါ်သွားချင်လို့"

"ဘယ်ကိုလဲ"

"သစ်တောထဲသွားချင်တာ.....Honey"

"အခုလား....."

"အင်း......"

သက်တန့်ခေါင်းညိတ်လက်ခံလိုက်သောအခါနန်းဆက်သည်သက်တန့်၏လက်ကိုဆွဲ၍ကားဆီသို့ခေါ်ဆောင်သွားပါ၏။ထို့နောက် သူမောင်းနှင်ခဲ့သောနေရာသည်ဝင်္ကပါသစ်တောရှိရာဆီသို့ဖြစ်ခဲ့၏။

**********

သစ်တော၏အလယ်သို့ရောက်သောအခါ နန်း‌ဆက်သည်သူမမောင်းနှင်လာသောကားကိုရပ်တန့်လိုက်ပါသည်။သက်တန့်ရှိရာဘက်အခြမ်းမှကားတံခါးကိုဖွင့်ပေးလိုက်ရင်း နန်းဆက်ကလက်ကမ်းပေးလိုက်သည်။သက်တန့်ကနန်းဆက်ကမ်းပေးသောလက်ကိုဆုပ်ကိုင်၍သူမခေါ်ဆောင်ရာသို့လိုက်ပါခဲ့ပါတော့သည်။

နန်းဆက်သည်သက်တန့်ကိုကွင်းပြင်ရှိရာသို့ခေါ်ဆောင်သွားခဲ့၏။နန်းဆက်သည် ဘာမှမရှိသောကွင်းပြင်တွင်မတ်တပ်ရပ်ရင်း သူမ၏လက်တွင်လက်စွပ်ကိုဝတ်ဆင်လိုက်သည်။ထို့နောက်မြေပြင်တွင်မုဆိုးဒူးထောက်ထိုင်လိုက်ရင်း လက်စွပ်ဝတ်ဆင်ထားသောလက်ဖြင့်မြေပြင်ကိုထိ၍ မန္တာန်တစ်ခုကိုရွတ်ဆိုလိုက်သည်။ထိုခဏတွင်သက်တန့်မြင်တွေ့လိုက်ရသည်က ထည်ဝါလွန်းသည့်အဆောက်အဦးကြီးတစ်ခုဖြစ်၏။

"ဒါကဘာလဲ နန်းဆက်"

"အဲ့ဒါကအိမ်မက်မြို့ဟောင်းရဲ့အသဲနှလုံးဖြစ်တဲ့ အိမ်မက်နန်းတော်ပဲ Honey....."

သက်တန့်သည်သူမတစ်ခါမှမမြင်ဖူးခဲ့သောနန်း‌တော်ကိုကြည့်ရင်း အံ့ဩ‌မှင်သက်နေခဲ့ပါ၏။နန်းဆက်က ဆက်ပြီးဤသို့ပြောပါသည်။

"ဒါကအိမ်မက်နန်း‌တော်ရဲ့ပုံစံအစစ်အမှန်ပဲ။ဒါကိုလူတွေမမြင်တွေ့စေဖို့ မန္တာန်တစ်ချို့နဲ့ သစ်တောထဲမှာဖုံးကွယ်ထားခဲ့တာ"

သက်တန့်သည်ပတ်ဝန်းကျင်ကိုသေချာလှည့်ပတ်ကြည့်ရှုရင်းဤသို့ပြောပါ၏။

"ဒီသစ်တောက သက်တန့်ကိုနန်းဆက်ခေါ်သွားခဲ့ဖူးတဲ့သစ်တောပဲ။ဟုတ်တယ်မို့လား နန်းဆက်"

LET ME OWN YOU.....!!RAINBOW TOWERWo Geschichten leben. Entdecke jetzt