Chapter(10)

66 7 0
                                    

ဝေဒနာမှသက်သာသွားသောအခါ နန်းဆက်က သူမ၏လုပ်နေကျလုပ်ငန်းစဉ်များကို ပြန်လည်စတင်ခဲ့ပြန်သည်။

"ဒီနေ့တော့ မင်းကိုကိုယ်က အမှောင်ထုနဲ့ တွေ့ပေးမယ်"

နန်းဆက်က ထိုသို့ပြော၍ သက်တန့်ကို အခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။နန်းဆက်ခေါ်သွားခဲ့သော အခန်းကို ဝေ့ဝဲကြည့်၍ သက်တန့်က ဤသို့ မှတ်ချက်ပြုမိသည်။

"ဒီနေရာက မှောင်လွန်းတယ် နန်းဆက်"

"အဲ့ဒါက မင်းလိုအပ်နေတဲ့ အရာပဲလေ"

"ဒီလောက်မှောင်မိုက်နေတာ ဘယ်လိုပုံဆွဲလို့ရမလဲ နန်းဆက်"

"မင်း မြင်နိုင်မယ့်အလင်းရောင်လေးတော့ရှိနေမှာပါ"

နန်းဆက်က ပြောရင်း မီးခလုတ်တစ်ခုကို ဖွင့်ပေးလိုက်သည်။သက်တန့်ပုံဆွဲမည့်နေရာတွင်အလုပ်လုပ်လို့ရရုံ အလင်းရောင်လေးပေါ်လာခဲ့၏။

"အလုပ်စလုပ်တော့ ကလေးမ။ဒီအမှောင်ထဲမှာ ကြာကြာနေချင်မယ်မထင်ဘူး"

နန်းဆက်မရှိတော့သောအခါ သက်တန့်တစ်ယောက်ထဲ အမှောင်ထုထဲတွင်အားတင်းရင်း ပုံဆွဲနိုင်ဖို့ကြိုးစားလိုက်သည်။သက်တန့်၏စိတ်ထဲတွင် နန်းဆက်၏ နှိပ်စက်မှုများကို ငြင်းဆန်လိုစိတ်မရှိတော့ခြင်းက ထူးဆန်းနေခဲ့၏။

သူမနှင့်အတူရှိသောနေ့ရက်များကြာမြင့်လာသဖြင့် ၎င်းနှိပ်စက်မှုများကို သက်တန့် နေသားကျလာတာ ဖြစ်ကောင်း‌ဖြစ်နိုင်သည်။ယခုလည်း သက်တန့်မနှစ်သက်သည့်အရာကို နန်းဆက် စေခိုင်းနေခဲ့သော်လည်း သူမအပေါ်တွင် သက်တန့်ကဒေါသထွက်မလာခဲ့ပါ။နန်းဆက်၏အမိန့်များအတိုင်းဆောင်ရွက်ပေးဖို့ သက်တန့်ဆန္ဒရှိနေပါ၏။

သို့သော် အမှောင်ထုကို သက်တန့်မနှစ်သက်ပါ။သက်တန့်၏ စိတ်ထဲတွင် တစ်ခုခုကို ကြောက်ရွံ့နေသလိုခံစားရသည်။ဒါပေမယ့် နန်းဆက်ထည်ဝါအကြောင်း တွေးမိသောအခါ ကြောက်ရွံမှုအားလုံးကို ရင်ဆိုင်ဖို့ သတ္တိတစ်ချို့ဖြစ်တည်လာခဲ့သည်။နန်းဆက်က သက်တန့်အတွက်အင်အားတစ်ချို့ကို ‌ဆောင်ယူလာပေးသူဖြစ်နေခဲ့သောအခါ သက်တန့်၏ ကြိုးစားမှုများမြန်ဆန်လာခဲ့သည်။သက်တန့်၏ ပန်းချီကားများကိုကြည့်၍ နန်းဆက်က

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now