Chapter(37)

17 2 0
                                    

သက်တန့်၏ဆိုင်သို့ရောက်လာလေ့ရှိသောဧည့်သည့်များက အရင်အတိုင်းပဲဖြစ်သော်လည်း နန်းဆက်ကတော့ အရင်လို မဟုတ်တော့ပါ။ဟိုအရင်က သက်တန့်ကို ရန်ရှာလေ့ရှိသော အပြုအမူတို့က နန်းဆက်ဆီမှာ လုံးဝမရှိ‌တော့တာက ဘုရားသခင်၏ လက်ဆောင်မွန်တစ်ခုပင်ဖြစ်လိမ့်မည်ဟုထင်ပါသည်။

"မင်းကို ဆိုင်မှာမတွေ့တာကြာပြီ။မင်းကိုမတွေ့ရတာ ကိုယ့်အတွက် တစ်ခုခုလိုနေသလိုပဲ"

"ဆိုင်က ကောင်မလေးတွေ ဂရုစိုက်ပေးကြတယ်မဟုတ်လား။သက်တန့်က အလုပ်အရမ်းများနေခဲ့တော့ ဆိုင်ကို မလာဖြစ်ဘူး"

"ကိုယ် နားလည်ပါတယ်။ အောင်မြင်သူတွေ အလုပ်အရမ်းများတယ်ဆိုတာ။ကိုယ်လိုလူတွေက သာမာန်ပဲဆိုတော့ မျက်နှာငယ်ရတာပေါ့"

"ရှင်ကတော့ ပြောတော့မယ်......"

"ဟုတ်တယ်။ကိုယ့်ရဲ့ကောင်မလေးကြိုက်တတ်တဲ့လက်ဆောင်တွေက မင်းရဲ့ဆိုင်မှာပဲရှိတတ်တာ။ပြီးတော့သူမကြိုက်တတ်တာကို မင်းပဲရွေးချယ်ပေးတတ်တာလေ"

"ရှင်ရဲ့စကားကြောင့်မာန်တက်သွားသလိုပဲ"

သက်တန့်တို့ နှစ်ယောက် စကားပြောရင်း ရယ်မောမိကြသည်။ထိုအချိန်တွင် ဆိုင်ထဲသို့ ဝင်လာသော နန်းဆက်ကို တွေ့လိုက်ရသည်။သက်တန့်ကနန်းဆက်ကို အထိတ်တလန့်ကြည့်မိသော်လည်း နန်းဆက်၏ မျက်နှာပေါ်တွင် ပြဿနာရှာလိုသောအငွေ့အသက်တို့ ရှိမနေခဲ့ပါ။သက်တန့်အံ့အားသင့်မိတာတော့အမှန်ပင်ဖြစ်သည်။

"သက်တန့်ကိုခွင့်ပြုပါဦးနော်။ရှင်လိုအပ်တာမှန်သမျှကို ညီမလေးတွေက ဂရုစိုက်ပေးပါလိမ့်မယ်"

သူက သက်တန့်ကြည့်နေရာဆီသို့ ကြည့်လိုက်ရင်း နန်းဆက်ကိုတွေ့သောအခါ အခုလိုပဲပြောပါ၏။

"ရပါတယ်။သူက မင်းအတွက် အရေးကြီးတယ်ထင်တယ်။သွားလိုက်ပါ"

သူကထိုသို့ပြော၍ဆိုင်က ကောင်မလေးများဖြင့် ပန်းချီကားများကို‌ ရွေးချယ်ရင်းအဖွဲ့ကျသွားသဖြင့်ထားခဲ့လိုက်ပြီး နန်းဆက်ရှိနေရာသို့ သက်တန့်ထွက်လာခဲ့သည်။

"ဧည့်သည်ရှိနေတာမဟုတ်လား။ကိုယ် ဒီမှာစောင့်နေလို့ရပါတယ်"

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now