Chapter(25)

31 5 0
                                    

သက်တန့်ကနန်းဆက်ကို ချစ်မြတ်နိုးသည့်စိတ်ဖြင့် အရာရာကိုသည်းခံပေးဖို့ ကြိုးစားသော်လည်း နန်းဆက်က ပိုမို၍ဆိုးသွမ်းလာခဲ့သည်ဟုထင်မိသည်။သက်တန့်အပေါ်တွင် ချုပ်ချယ်လွန်းသော နန်းဆက်၏အကျင့်ကို သက်တန့် စိတ်ညစ်ရသည်။

အရာရာတွင် စိတ်မချလို့......သဝန်တိုလို့.....သူပိုင်ဆိုင်သောအရာကို တစ်ခြားသူပိုင်ဆိုင်သွားမှာစိုးရိမ်လို့.....စသည်ဖြင့် အကြောင်းပြချက်များစွာရှိနေခဲ့သော နန်းဆက်၏ခံစားချက်နောက်သို့ သက်တန့်လိုက်မမှီတော့ပါ။

သက်တန့်တို့ရဲ့အကြောင်းကို ဘယ်သူမှမသိစေချင်ဘူးဆို၍လည်း သက်တန့်က တိတ်ဆိတ်စွာနေပေးခဲ့ပါ၏။သို့သော် နန်းဆက်က တန်ဖိုးမထားတတ်ခဲ့ပါ။

တစ်ရက်တွင် သက်တန့်၏သူငယ်ချင်းနှစ်ယောက်နှင့်ဈေးဝယ်ထွက်ရင်းတွေ့ခဲ့သည်။သူငယ်ချင်းတို့က သက်တန့်ကို ဖက်လှဲတကင်း နှုတ်ဆက်ချိန်တွင် နန်းဆက်၏မျက်နှာတို့ပျက်ယွင်းစပြုလာခဲ့၏။

သူငယ်ချင်းဖြစ်သူက ရည်းစားစကားပြော၍ ထပ်မံကြည်စယ်လာခဲ့သောအခါ နန်းဆက်တစ်ယောက် အကြီးအကျယ်ပေါက်ကွဲတော့သည်။သက်တန့်က အခြေအနေကိုနားလည်သဖြင့် မြန်မြန်စကားစဖြတ်ရင်း ထိုနေရာမှ နန်းဆက်၏လက်ကိုဆွဲ၍ ထွက်လာခဲ့ပါသည်။

ကားပါကင်သို့ရောက်သောအခါ နန်းဆက်က သက်တန့်ကိုင်ထားသောလက်ကို ဖြုတ်ချ၍ ဒေါသနှင့်တုန့်ပြန်ခဲ့ပါ၏။

"ကိုယ့်ရဲ့ဒေါသကိုလာဆွပြန်ပြီ Honey......"

"ဘာဖြစ်လို့လဲ နန်းဆက်ရယ်။အဲ့ဒါက သက်တန့်ရဲ့သူငယ်ချင်းတွေပါ။စိတ်မကောက်နဲ့နော်....."

"ကိုယ် မကြိုက်တာသိသိရက်နဲ့ မင်းဘာလို့ အခုလိုလုပ်တာလဲ။မင်းကိုယ့်ကို ဂရုမစိုက်တာလား"

"ရှင့်ကို အရာရာထက်ပိုပြီး ဂရုစိုက်တယ် နန်းဆက်။ဒါကို ရှင်သိပါတယ်"

"ဒါဆို ဘာလို့ကိုယ်စကားနားမထောင်တာလဲ Honey"

"သက်တန့် နားထောင်သားပဲ။အခုကသူငယ်ချင်းတွေ စနောက်တာလေ"

"သူတို့အခုလိုပြောချင်လာအောင် မင်းကြိုးစားထားလို့ဖြစ်မှာပေါ့။ကိုယ့်ကိုပြောစမ်းပါ"

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now