Chapter(26)

31 5 0
                                    

အိမ်ရှေ့တွင်ဒေါသတကြီးဖြင့်ရပ်တန့်သွားသော နန်းဆက်၏ကားစက်သံကို သက်တန့်ကြားလိုက်ရ၏။သက်တန့်ကသူမကိုထားခဲ့သဖြင့်ဒေါသအိုးက ပေါက်ကွဲဆူဝေလာဟန်ရှိသည်။နန်းဆက်ကိုသက်တန့်ဂရုမစိုက်ပဲနေလိုက်မည်ဟုဆုံးဖြတ်ထားသဖြင့် အလုပ်ထဲကိုစိတ်နှစ်ထား၍အလုပ်တွေကိုသာဖိလုပ်နေလိုက်ပါ၏။

"Honey........."

သက်တန့် ပြန်မထူးပါ။ခေါ်နေလိုက် နန်းဆက်ဟု ကြိမ်းဝါးရင်းမသိချင်ယောင်ဆောင်နေလိုက်၏။နန်းဆက်ကသက်တန့်၏အပြုအမူကြောင့် သက်တန့်သုံးနေသောlaptopကို ပိတ်ချလိုက်ရင်း ဤသို့ ထပ်မံ၍ပြောလာခဲ့သည်။

"ကိုယ်ခေါ်နေတာမကြားဘူးလား Honey"

"ကြားတယ်လေ"

"မင်းကိုယ့်ကိုဂရုမစိုက်တာလား"

"တွေ့တဲ့အတိုင်းပဲ နန်းဆက်။သက်တန့် စကားများများမပြောချင်ဘူး"

"မင်း......"

သက်တန့်ကနန်းဆက်အနားမှထွက်သွားလိုက်သည်။နန်းဆက်က ထိုနေရာတွင်ပေါက်ကွဲ၍ကျန်ခဲ့၏။ခဏအကြာတွင် နန်းဆက်က မကျေနပ်သဖြင့်သက်တန့်ရှိရာသို့လိုက်လာ၍ ပြဿနာရှာနေပြန်၏။သက်တန့် သည်းခံနိုင်သလောက်သည်းခံဖို့ကြိုးစားလိုက်သည်။

နန်းဆက်ကသူဖြစ်ချင်တာမဖြစ်ရသဖြင့် သက်တန့်ကိုဒေါသတကြီးဖြင့် သောင်းကျန်းနေခဲ့တာ တစ်နေ့လုံးဖြစ်သည်။ကြာလာသောအခါသည်းမခံနိုင်တော့သည့် အခြေအနေဖြစ်လာခဲ့သည်။

"ဒီထက်ပိုပြီး သက်တန့်စိတ်မရှည်နိုင်တော့ဘူး။စိတ်ရှုပ်လာပြီ။ရှင်ကြိုက်သလိုသာ စွပ်စွဲနေလိုက်တော့"

“ကိုယ့်ကိုပြန်ခံပြောတာမကြိုက်ဘူးနော်Honey။ကိုယ်စိတ်အရမ်းဆိုးတာသိလား”

“အဲ့ဒါဆိုလည်း လဲသာသေလိုက်နန်းဆက်”

သက်တန့်က ပြန်၍အော်ဟစ်လိုက်ရင်း နန်းဆက်ကို တစ်ယောက်ထဲထားပြီးထွက်လာခဲ့သည်။သူမကို ပြန်၍အော်လိုက်သောသက်တန့်ကို အံ့အားသင့်သော မျက်ဝန်းများဖြင့်ကြည့်ရင်း နန်းဆက် ငြိမ်သက်သွားခဲ့သည်။‌သက်တန့်ကနန်းဆက်ကို ဂရုမစိုက်ပဲ ထားခဲ့၍ အခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now