Chapter(6)

85 8 0
                                    

သက်တန့်ကို နန်းဆက် ခေါ်သွားခဲ့သောနေရာက နယ်မြိုလေးတစ်ခုရှိ သူမပိုင်ဆိုင်သော ခြံဝန်းကျယ်ကြီးတစ်ခုသို့ဖြစ်သည်။ထိုနေရာက လူသွားလာမှု သိပ်မရှိသဖြင့် သီးသန့်ဆန်သည်။

ခြံဝန်း၏အလယ်တွင် အဆောက်အဦးတစ်ခုရှိနေသည်။ထိုအဆောက်အဦးကခမ်းနားထည်ဝါသည်။သီးသန့်ဆန်သော နယ်မြို့လေးနှင့်မလိုက်ဖက်အောင် အတွင်းပိုင်းအပြင်အဆင်က ခေတ်မှီပြည့်စုံလွန်းနေခဲ့သည်။

"မင်းရဲ့ပန်းချီကားတွေအတွက် ဒီနေရာမှာ အာရုံစိုက်နိုင်လိမ့်မယ်”

"ထင်တာပဲ နန်းဆက်”

သက်တန့်၏မသေချာမရေရာသောစကားကို နန်းဆက်က စိတ်ပျက်ဟန်ဖြင့် ခေါင်းခါလိုက်သည်။

အရာရာတွင်ပျော့ညံ့လွန်းသော သက်တန့်ကို ကြည့်ရတာ နန်းဆက်အတွက် အဆင်မပြေပါ။သူမ၏ ဒီလိုပုံစံကြောင့် နန်းဆက်မလုပ်ချင်သည့်အရာကိုလုပ်ခဲ့ရတာလေ။

သူမကို အိမ်မက်မြို့ဟောင်းသို့ မခေါ်ချင်ပဲခေါ်လာခဲ့ရတာ သူမညံ့ဖျင်းလို့.....။စဉ်းစားရင်း နန်းဆက် ဒေါသထွက်လာမိပြန်သည်။

အဲ့ဒီ ဒေါသတွေအားလုံးကို သက်တန့်ပေါ်သို့ ပုံချလိုက်ဖို့ကြိုးစားမိသောအခါ သက်တန့်အတွက် ရက်စက်ခြင်းများဖြစ်ပေါ်လာခဲ့၏။

သက်တန့်ကို ကောင်းကောင်းကြီး သင်ခန်းစာပေးပစ်လိုက်မည်ဟု နန်းဆက်တွေးထားလိုက်သည်။သက်တန့်အတွက် နန်းဆက်ယူဆောင်လာသော သင်ခန်းစာတစ်ချို့က ..........။

***********

"မင်း ရေကူးတတ်လား ကလေးမ"

"မကူးတတ်ဘူး။သက်တန့်က ရေတွေကိုကြောက်တယ်။မွန်းကျပ်လွန်းလို့....."

သက်တန့်၏အဖြေကို နန်းဆက်က သဘောကျသွားဟန်ရှိ၏။သူမ၏မျက်နှာပေါ်တွင်ကျေနပ်နေသော ခံစားချက်တစ်ချို့ကို သက်တန့်တွေ့လိုက်ရသည်။

"အဲ့ဒါက ကိုယ့်အတွက် တော်တော်လေး အဆင်ပြေတဲ့အချက်ဖြစ်လာလိမ့်မယ်။ကိုယ်နဲ့ လိုက်ခဲ့"

နန်းဆက်က သက်တန့်ကို ရေကူးကန်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ပြီးတော့

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now