Chapter(55)

25 2 0
                                    

မနက်လင်းသောအခါ သက်တန့်သည် ရင်ဘတ်ကဒဏ်ရာကြောင့် အိပ်ရာမှမထနိုင်ခဲ့ပါ။သူမကို အင်အားတစ်ခုက တဖြည်းဖြည်းသတ်နေသကဲ့သို့ ခံစားရသည်။သက်တန့်တစ်ယောက်ထဲ ဝေဒနာမျိုးစုံအား တိုက်ခိုက်နေရစဉ်တွင် အနားသို့ နန်းဆက်ရောက်လာခဲ့သည်။နန်းဆက်က သက်တန့်ကို ရင်ခွင်ထဲသို့ပွေ့ယူ၍နှိုးလိုက်သည်။

"Honey........နေလို့ကောင်းရဲ့လား"

"အင်း......ကောင်းပါတယ် နန်းဆက်"

သက်တန့်သည်နန်းဆက်စိတ်ပူမှာစိုးသဖြင့် အိပ်ရာမှ ထဖို့ကြိုးစားလိုက်သည်။သို့သော် ဝေဒနာ၏ပြင်းထန်မှုကြောင့် နန်းဆက်ကို ဆက်လက်လိမ်ညာဖို့ မကြိုးစားနိုင်ခဲ့ပါ။နန်းဆက်ကသက်တန့်၏အခြေအနေကိုကြည့်ရင်းရိပ်မိသွားဟန်ရှိသည်။

"Honey.....ဒဏ်ရာက အဆင်မပြေဘူးမို့လား....."

"ဟင့်အင်း.....ဒဏ်ရာက ဘာမှမဖြစ်ဘူး နန်းဆက်"

သို့သော် နန်းဆက်က မယုံကြည်နိုင်ခဲ့ပါ။သက်တန့် အပြင်းအထန်ခံစားနေရသည်ကို မြင်နေရခြင်းက အမှန်ပဲဖြစ်သည်။

"မဟုတ်သေးဘူး....Honey......ပြစမ်းပါ....ကိုယ်ကြည့်ရအောင်"

"အာ့.......နန်းဆက်"

သက်တန့်၏ခန္ဓာကိုယ်ကို နန်းဆက်ဆုပ်ကိုင်လိုက်သောအရှိန်ကြောင့် သက်တန့်၏ဝေဒနာစွက်သောညည်းသံခပ်တိုးတိုး ထွက်လာခဲ့သည်။နန်းဆက်က သက်တန့်၏ ရင်ဘတ်ကဒဏ်ရာကို ကြည့်လိုက်သည်။ပြန်လည်ပြင်းထန်နေသော ဒဏ်ရာ၏အခြေအနေကို နန်းဆက်တွေ့လိုက်ရ၏။

"ဒီလောက်ဖြစ်နေတာကို ဘာမှမဖြစ်ဘူးဆိုပြီး မင်းကိုယ့်ကို လိမ်တယ် Honey"

"ရှင် စိတ်ပူနေမှာစိုးလို့..."

"ဒါကို ပျောက်အောင် မင်းမလုပ်နိုင်ဘူးလား"

"အဲ့ဒါကိုပျောက်အောင်သက်တန့် မလုပ်နိုင်ဘူး"

"နည်းလမ်းတစ်ချို့တော့ရှိမှာပေါ့"

သက်တန့်က အဖြေပြန်မပေးခဲ့ပါ။"

ကိုယ်မေးတာကို ဖြေလေ Honey....."

"မဖြေချင်ဘူး နန်းဆက်.....ဆိုးဝါးလွန်းလို့"

"အဲ့ဒီနည်းလမ်းက ဘယ်လောက်အထိ ဆိုးဝါးလို့လဲ"

LET ME OWN YOU.....!!RAINBOW TOWEROù les histoires vivent. Découvrez maintenant