Chapter(29)

37 4 0
                                    

ကားသော့ကိုသက်တန့်ရှေ့သို့ပစ်ချပေးလိုက်သည့်နန်းဆက်ကြောင့်လန့်ဖြန့်သွားခဲ့သည်။သက်တန့်ကမိမိကိုယ်ကိုတတ်နိုင်သမျှထိန်းသိမ်းရင်းနန်းဆက်ကိုစကားပြောလိုက်သည်။

"ဘာဖြစ်လို့လဲ နန်းဆက်”

"မင်းရဲ့ကားကို ဇိန်းလာပို့သွားတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးကိုယ့်ကိုတစ်ခုခုပြောစရာရှိသလား Honey"

နန်းဆက်၏လေသံအေးစက်စက်ကြောင့်သက်တန့်ကိုစိတ်ဆိုးနေပြီဆိုတာခံစားလိုက်မိသည်။

"ပြီးခဲ့တဲ့ရက်တစ်ခုမှာသက်တန့်ရဲ့ကားပျက်သွားတယ်။အဲ့ဒါဇိန်းရောက်လာပြီးကူညီပေးခဲ့လို့ "

"ဇိန်းကူညီလို့မင်းကအဆင်ပြေကျေနပ်သွားတယ်ဆိုပါတော့"

"မဟုတ်ပါဘူး နန်းဆက်ရယ်"

"ကိုယ့်ကိုပြောစမ်းပါHoney။မင်းကားပျက်တဲ့အချိန်မှာသူကအချိန်ကိုက်ရောက်လာရတဲ့အကြောင်းရင်း......"

"အဲ့ဒါတိုက်ဆိုင်မှုတစ်ခုပါ"

"မင်းရဲ့ကားပျက်နေတဲ့အချိန်အတိအကျဇိန်းရောက်လာတာ တိုက်ဆိုင်မှုပေါ့။ဟုတ်လားHoney။မင်းသူ့ကိုသွားတွေ့ခဲ့တာမဟုတ်ဘူးလား"

"သက်တန့်ကဘာလို့ဇိန်းနဲ့တွေ့ရမှာလဲ။သူ့ဘာသာသူရောက်လာတာ"

"အဲ့ဒီတော့သူ့ကိုအကူအညီတောင်းလိုက်တယ်ဆိုပါတော့"

"အင်း....."

"အဲ့ဒီနားမှာအကူအညီတောင်းစရာဇိန်းပဲရှိသလား။တစ်ခြားလူတွေဘယ်ရောက်သွားလဲ"

"အဲ့ဒီနေ့ကနောက်ကျနေလို့ ဘယ်သူမှ......"

သက်တန့်၏စကားမဆုံးခင်နန်းဆက်ကဖြတ်ပြောလိုက်သည်။

"အဲ့ဒါအ‌ကြောင်းပြချက်တစ်ခုသက်သက်ပဲ Honey"

"မဟုတ်ဘူးနန်းဆက်။ကားပျက်လို့စိတ်ရှုပ်ထွေးနေတဲ့အချိန်မှာဇိန်းရောက်လာခဲ့တော့.....သက်တန့်လည်း......"

"သူ့ကိုတွေ့တော့တစ်ခြားအရာတွေမစဉ်းစားမိခဲ့ဘူးဆိုပါတော့။ဟုတ်လား Honey"

နန်းဆက်၏အရွဲ့တိုက်၍ပြောနေသောစကားကြောင့်

"သက်တန့်စဥ်းစားနိုင်ပါတယ်။ကားပျက်သွားတော့ရှင်ဆီဖုန်းခေါ်နေခဲ့သားပဲ။ရှင်မှမကိုင်ခဲ့တာ"

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now