Chapter(50)

17 2 0
                                    

အရှိန်ပြင်းပြင်းသွားနေသောကားကို ရုတ်တရက်ရပ်တန့်လိုက်သည့်နန်းဆက်အားသက်တန့်သည် အံ့အားသင့်စွာဖြင့်ကြည့်လိုက်၏။နန်းဆက်သည်သက်တန့်ကိုပြင်းပြမွတ်သိပ်သောအကြည့်တို့ဖြင့်ကြည့်လာခဲ့ရင်းစကားဆိုသည်။

“မင်းကိုမချစ်ရတာကြာနေပြီHoney။အဲ့ဒါနဲ့ပတ်သက်ပြီး ကိုယ်ဘာလုပ်သင့်သလဲ။မင်းပြောစမ်းပါ"

"နန်းဆက်.......ရှင်က........"

နန်းဆက်ကသက်တန့်အနီးသို့တိုးကပ်၍ တိုးတိတ်စွာပြော၏။

"မင်းကိုအခုချစ်ချင်တယ်"

"ဒီနေရာကြီးမှာလား"

"အင်း"

"ကားလမ်းမ‌‌ကြီးမှာလေ နန်းဆက်"

"ကိုယ်ရဲ့ကားမှန်တွေက အပြင်ဘက်ကမမြင်ရပါဘူး"

"ဒါပေမယ့်........."

"ကိုယ့်ကိုခွင့်ပြုပါကွာ"

မတတ်သာသည့်အဆုံးတွင် သက်တန့်ခေါင်းညိတ်လိုက်ရတော့သည်။ထို့နောက် နန်းဆက်သည်.........။

နန်းဆက်သည်သူမ၏ဆန္ဒများကိုလွှတ်‌ပေးပြီး၍ ကျေနပ်သွားသောအခါ သက်တန့်၏ဘေးနားမှာထိုင်၍ ပွေ့ဖက်ထားရင်းစကားဆိုခဲ့သည်။

"သိပ်ချစ်တာပဲ....Honey....."

"သက်တန့်ကပိုချစ်တယ် နန်းဆက်"

"ကိုယ်ကပိုချစ်တာပါ"

"သက်တန့်ကပိုချစ်တယ်။သက်တန့်ကိုအနိုင်မကျင့်နဲ့နော် နန်းဆက်"

"အိုကေ.....အိုကေ....မင်းနိုင်ပါတယ်ကွယ်။ကိုယ်တို့အိမ်ပြန်ကြရအောင်"

နန်းဆက်ကကားမောင်းသူနေရာတွင် ဝင်ထိုင်လိုက်သောအခါ သက်တန့်ကမေးလိုက်သည်။

"ရှင် ကားမောင်းနိုင်သေးရဲ့လား"

"‌ဟာ....ဟ.....ကောင်းကောင်းမောင်းနိုင်တာပေါ့ Honey။ကိုယ်မင်းအတွက် သက်လုံကောင်းအောင်လေ့ကျင့်ခန်းတွေသေချာလုပ်ထားလို့....."

"‌တိတ်စမ်း.....နန်းဆက်....အရှက်မရှိ....‌"

"အဟက်.........ကိုယ်ရဲ့ကလေးလေးက ခုနကသူ မဟုတ်သလိုပဲ။အခုမှလာရှက်နေသေးတယ်"

LET ME OWN YOU.....!!RAINBOW TOWERWo Geschichten leben. Entdecke jetzt