Chapter(45)

14 3 0
                                    

သက်တန့်၏အတွေးတို့ရှုပ်ထွေးနောက်ကျိနေခဲ့သည်။နန်းဆက်၏နှုတ်ဖျားကသက်တန့်၏မေမေကိုသတ်ခဲ့သည်ဟု ဝန်ခံလိုက်ခြင်းက သက်တန့်အတွက်ခံစားရခက်စေသည်။

ဘာကြောင့်လဲဟူသောအတွေးများစွာက သက်တန့်၏ခေါင်းထဲတွင်နေရာယူထားကြ၏။နန်းဆက်ကိုနာကျည်းမိပါသလားဟု ကိုယ့်ကိုယ်ကိုပြန်မေးကြည့်သောအခါ အဖြေက ဟင့်အင်းဟုထွက်လာခဲ့သည်။ဒါဆိုဘာလို့ဒီအကြောင်းကို ဆက်တွေးနေမလဲ....ခေါင်းထဲကထုတ်လိုက်ပေါ့ဟု ကိုယ့်ကိုယ်ကို ပြောလိုက်သည်။

သို့သော် အဲ့ဒီဖြစ်စဉ်ဘာကြောင့်ဖြစ်ရသလဲ သိချင်နေသေး၏။သက်တန့်ဘာလုပ်ရမလဲ မတွေးနိုင်တော့ပါ။ထိုအရာကိုဖြေရှင်းပေးမည်ဟု‌ပြောလာသူက ဇိန်း....။

"မင်းစဉ်းစားလို့မရတဲ့အရာကိုငါဖြေရှင်းပေးနိုင်တယ် သက်တန့်။ငါခိုင်းတာကို လုပ်မယ်ဆိုရင်ပေါ့"

ဇိန်း၏စကားကိုလက်ခံခဲ့မိခြင်းသည် သက်တန့်အတွက် မှားယွင်းမှုတစ်ခုဖြစ်ခဲ့ပါသည်။

**********

နန်းဆက်၏ကျောက်ကပ်ကျန်းမာရေးပုံမှန်ပြန်ဖြစ်လာစေဖို့အတွက်ဆေးကုသမှုကို ဆက်လက်ခံယူခဲ့ရသည်။

သက်တန့်ကနန်းဆက်ကို ထိုးပေးမည့် ဆေးပုလင်းအား ဇိန်းပေးလိုက်သော ဆေးပုလင်းနှင့်လဲလှယ်ထားလိုက်ပါ၏။သက်တန့်လုပ်မိသောလုပ်ရပ်က မှန်ကန်ပါသလား။သက်တန့်၏ လုပ်ရပ်မှန်သလား .....မှားသလား ‌သက်တန့်မတွေးချင်တော့ပါ။

မိမိ၏အတ္တအတွက်နန်းဆက်ကို နာကျင်စေခဲ့မိခြင်းက ဝဋ်ကြွေးတစ်ခုလိုမျိုး သက်တန့်၏နှလုံးသားအား တိုက်စားသွားခဲ့ပါ၏။နန်းဆက်၏ဆေးပုလင်းအားနေ့စဉ်ရက်ဆက်လဲလှယ်မိသောအခါ သက်တန့်အတွက်နောင်တရစရာကိစ္စတို့ဖြစ်ပေါ်လာခဲ့တော့သည်။

************

နန်းဆက်က အခုရက်ပိုင်းအတွင်း မိမိ၏ရင်ဘတ်အောင့်နေတတ်သည်ကို သတိပြုမိလာသည်။အဲ့ဒါက ပုံမှန်မဟုတ်တာသေချာ၏။

ဒါပေမယ့် သက်တန့်နှင့်ပတ်သက်၍ရင်ဘတ်ကအောင့်နေကျဖြစ်သည်။ထို့‌ကြောင့်သာမာန်မျှဟုထင်သဖြင့် မေ့မေ့ပျောက်ပျောက်ထားလိုက်သည်။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now