Chapter(2)

140 14 0
                                    

သက်တန့်၏နာမည်ကို ကြားပြီး‌သောအခါနန်းဆက်၏နှုတ်ခမ်းတွင် မဲ့ပြုံးတစ်ခုလှလှပပလေးဖြစ်တည်လာခဲ့ရင်းပြောလိုက်သောစကားက ဤသို့ဖြစ်သည်။

"လူနဲ့မှမလိုက် နာမည်ကကြီးကျယ်လိုက်တာ"

ထိုသို့သော စကားလုံးတို့ဖြင့် ပြောဆိုတိုက်ခိုက်လိုက်သည့် နန်းဆက်၏အပြုအမူကြောင့် သက်တန့်၏ ဒေါသတို့က ဆူဝေလာရသည်။

"ဘာ...."

နန်းဆက်ကတော့ သက်တန့်၏ခံစားချက်ကို လစ်လျူရှု၍ သက်တန့်ကို စကားလုံးများဖြင့် ဆက်လက်နှိပ်ကွပ်နေခဲ့၏။

"အော် ....မင်းလိုငတိမလေးက ခမ်းခမ်းနားနား နာမည်နဲ့မို့လို့ အံ့ဩမိတာပါ။သက်တန့်မျှော်စင်ဆိုတာ သိပ်ကို ခမ်းနားကြီးကျယ်တဲ့ မျှော်စင်ကြီးတစ်ခုဆိုတာ ကိုယ်ကြားဖူးတယ်လေ။အဲ့ဒီတော့....."

"ဒီကမ္ဘာပေါ်မှာ ရှင်တစ်ယောက်ထဲ ကြီးကျယ်မြင့်မြတ်တယ်လို့ ခံယူထားသလား"

"အဲ့ဒီလိုတော့မဆိုလိုပါဘူး။ဒါပေမယ့် မင်းကတော့ ဘာမှမဟုတ်ဘူးလေ။မင်းကိုကြည့်ရတာ အရှုံးသမားတစ်ယောက်လိုပဲမို့လို့......."

"ရှင်က မုန်းတီးစရာ စကားလုံးတွေပြောတတ်ဖို့ပဲ သင်ကြားခြင်းခံခဲ့ရတာများလား........"

"မင်းက စွာလိုက်တာ။ကိုယ့်ကို ဘယ်သူမှ ပြန်ခံပြောလေ့မရှိဘူး။မင်းက...."

"ဒီမှာ အဒေါ်ကြီး။ရှင့်ရဲ အချိုးမပြေတဲ့လေသံကို သက်တန့်က လက်ခံပေးရမှာလား။မရဘူး။ရှင့်ကိုသက်တန့် ဂရုမစိုက်ဘူး"

"ကိုယ့်ကို ပြန်ခံမပြောစမ်းပါနဲ့။ကိုယ်က ခပ်စွာစွာလူတွေကို သိပ်ကြည့်မရတတ်လို့....."

"ရှင့်ကို ဘာကြောင့်ဂရုစိုက်ရမလဲ။လူတိုင်းကို ရှင့်ကျွန်တွေများထင်နေသလား....အဒေါ်ကြီးရဲ့"

"မင်း......"

နန်းဆက်၏စကားလုံးတိုင်းကိုပြန်ခံပြောနေသဖြင့် နန်းဆက်က ကျစ်ခနဲလုပ်၍ ပြောနေသောစကားသံတို့ကို ရပ်တန့်လိုက်ပါသည်။သက်တန့်ကို နောက်ထပ်စကားဆက်မပြောတော့ပါ။

သက်တန့်ကလည်း ဂရုမစိုက်ပါဘူး။သူစကားဆက်မပြောတော့ ကောင်းတာပေါ့။သက်တန့် နားငြီးသက်သာသည်ဟု တွေးပစ်လိုက်သည်။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now