Chapter(13)

56 7 0
                                    

"သက်တန့်ကားယူသွားပြီလား ထည်ဝါ"

"အင်း......‌"

"ဒါဆို သူမကိုစောင့်ကြည့်လို့ရပြီပေါ့။ဟန်သာ့ကိုခိုင်းထားပြီးပြီလား"

"ခိုင်းထားတယ် ဦးလေးငယ်"

"သက်တန့်ကိုသေချာဂရုစိုက်မှဖြစ်လိမ့်မယ်။သူမက အန္တရာယ်သိပ်များလို့"

နန်းဆက်ကဦးလေးငယ်၏စကားကိုခေါင်းညိတ်၍ထောက်ခံလိုက်သည်။ထို့နောက်စားပွဲပေါ်ရှိစာအုပ်ကိုယူလိုက်သည်။နန်းဆက်က သူမ၏လက်တွင်ဝတ်ဆင်ထားသော လက်စွပ်ရှိအနက်ရောင်ကျောက်အား လက်ထဲတွင်ကိုင်ထားသော စာအုပ်အဖုံးပေါ်သို့ဖိကပ်လိုက်ပါသည်။

ထိုခဏတွင်အလင်းတန်းအချို့နှင့်အတူ စာအုပ်ပွင့်သွားခဲ့ပါ၏။နန်းဆက်က လက်စွပ်ဝတ်ဆင်ထားသောလက်ဖြင့် စာမျက်နှာတစ်ရွက်ချင်းစီတွင် ဝှေ့ရမ်းလိုက်ရာ စာမျက်နှာတိုင်းတွင် ပုံရိပ်တစ်ချို့ပေါ်လာခဲ့သည်။

နန်းဆက်၏မျက်နှာတွင် ထိုအရာကို အံ့အားသင့်ဟန်မပြပါ။ဒါပေါ့.....အဲ့ဒီအရာတွေအားလုံးက နန်းဆက် စီမံထားသောအရာတွေပဲလေ။

"အလုပ်လုပ်စရာတွေရှိလာပြီပဲ ထည်ဝါ"

"ဟုတ်တယ် ဦးလေးငယ်။အဖွဲ့သားတွေဆီအလုပ်လုပ်ဖို့အဲ့ဒီပုံရိပ်တွေပို့ရဦးမယ်။ဒီဖြစ်စဉ်ကို သက်တန့်သာသိရင် သိပ်ခံစားရရှာမှာ။သူမရဲ့မျိုးနွယ်တွေအဆုံးသတ်ကို သူမကိုယ်တိုင်ဆောင်ယူလာပေးမိလို့ နောင်တရနေမလား။ဒီဖြစ်စဉ်ကိုဖန်တီးခဲ့တဲ့ထည်ဝါ့ကိုမုန်းတီးသွားမလား။အရာရာကမသေချာဘူး"

"အရာရာအတွက်မင်းက အသင့်ဖြစ်နေပြီမဟုတ်လား"

"မသေချာဘူး ဦးလေးငယ်။သက်တန့်ကို စိတ်ပူတယ်။သူမကိုအဲ့ဒီအရာနဲ့မဆက်သွယ်မိအောင်တားဆီးနိုင်ပါ့မလားမသိဘူး"

"မင်း ကြိုးစားရမှာပေါ့ ထည်ဝါ။မဟုတ်ရင်သူမဘာဖြစ်သွားနိုင်သလဲ မင်းသိပါတယ်"

"မဖြစ်ရဘူး။သက်တန့်ကိုထည်ဝါ ကာကွယ်မယ်"

"ဘယ်လိုနည်းလမ်းနဲ့ ကြိုးစားမလို့လဲ ထည်ဝါ"

"နောက်ဆုံးပုံရိပ်မဆွဲဖြစ်အောင်လုပ်မယ်။သက်တန့်က နောက်ဆုံးပုံရိပ်မဆွဲနိုင်ဘူးဆိုရင်......."

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now