Chapter(61)(Ending)

139 5 0
                                    

သက်တန့်သည်ပထမဆုံးမျှော်စင်ရှေ့တွင်ကားကိုရပ်တန့်လိုက်သည်။ထိုခဏတွင် သက်တန့်ကိုဆီးကြိုနေခဲ့သောပထမဆုံးမျှော်စင်၏အေးစက်စက်အငွေ့အသက်ကိုခံစားလိုက်ရသည်။

သက်တန့်ကပတ်ဝန်းကျင်၏ကြောက်မက်ဖွယ်ကောင်းနေခြင်းကိုလစ်လျူရှုလိုက်သည်။နန်းဆက်၏လက်စွပ်ကိုဝတ်ဆင်လိုက်၏။ထို့နောက်လက်ထဲတွင်ဆောင်ယူလာသောဓါးဖြင့်မိမိကိုယ်မိမိထိုးစိုက်ခဲ့ပါ၏။

စီးဆင်းလာသောသွေးစက်များကိုလက်ဖြင့်ခံယူ၍လက်စွပ်ပေါ်သို့သွန်းလောင်းပေးလိုက်ပါသည်။ထို‌ သွေးပေနေသောလက်စွပ်ဝတ်ဆင်ထားသည်လက်ဖြင့် မျှော်စင်တံခါးကိုထိရင်းမန္တာန်ရွတ်လိုက်သည်။ထိုအခါမျှော်စင်၏ဝင်ပေါက်တံခါးပွင့်သွားခဲ့ပါ၏။

မျှော်စင်၏အထပ်တိုင်းရှိတံခါးများကိုမန္တန်ရွတ်ဆိုဖြတ်သန်းရင်း နန်းဆက်ရှိနေခဲ့သောနေရာသို့သက်တန့်ရောက်ရှိသွားခဲ့သည်။

နန်းဆက်သည်အိပ်ရာထဲတွင်ငြိမ်ငြိမ်သက်သက်လေးလဲလျောင်းနေခဲ့ပါ၏။သက်တန့်ကနန်းဆက်၏နာမည်ကိုတမ်းတမ်းတတခေါ်လိုက်ရင်းသူမကိုအသာအယာထိတွေ့ကိုင်တွယ်လိုက်ပါသည်။ထိုနောက်နန်းဆက်၏လက်ကလေးကိုကြင်နာစွာဆွဲယူဆုပ်ကိုင်၍လက်စွပ်ကိုဝတ်ဆင်ပေးခဲ့ပါသည်။နန်းဆက်သည်ထိုအချိန်အထိနိုးမလာခဲ့ပါ။

"နန်းဆက်......ထစမ်းပါ။ရှင်နိုးလာမှဖြစ်မယ်။သက်တန့်ရှင့်ကိုလိုအပ်တယ်"

အချိန်ကြာလာသည်အထိနန်းဆက်ဆီမှတုန့်ပြန်မှုမရှိသောအခါ သက်တန့်သည်သည်းထန်စွာငိုကြွေးမိတော့၏။

သက်တန့်သည်နန်းဆက်၏လက်ကလေးကိုဆုပ်ကိုင်ရင်းထိုလက်ကလေးကိုမိမိ၏ပါးပြင်နှင့်ဖိကပ်ထားခဲ့သည်။သက်တန့်၏မျက်ရည်စများသည်နန်းဆက်၏လက်ကလေးကိုဖြတ်သန်းစီးဆင်းသွားကြ၏။ထိုခဏတွင်ဆုပ်ကိုင်ထားသောနန်းဆက်၏လက်ကလေးဆီမှလှုပ်ရှားမှုကိုခံစားမိလာသောအခါသက်တန့်စိတ်လှုပ်ရှားစွာဖြင့်နန်းဆက်၏နာမည်ကိုခေါ်လိုက်သည်။

"နန်းဆက် ........."

"ဘာလို့ငိုနေရတာလဲ Honey"

"ရှင့်ကိုနှိုးလို့မှမရပဲ။သက်တန့်ဝမ်းနည်းတော့ငိုမိတာပေါ့"

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now