Chapter(58)

17 2 0
                                    

"စာအုပ်ရဲ့ပြောပုံအရဆိုရင် ကိုယ်သိသလောက်တော့ ဒီနေရာပဲ"

"သူမရဲ့ အငွေ့အသက်တစ်ချို့ကို သက်တန့်ခံစားမိနေတယ်"

သက်တန့်တို့နှစ်ဦးရောက်ရှိနေခဲ့သောအဆောက်အအုံက သက်တမ်းကြာမြင့်နေခဲ့ပြီဖြစ်သော စွန့်ပစ်နေရာတစ်ခုတွင်ရှိနေသည်။သက်တန့်တို့နှစ်ဦးသားအဆောက်အဦးထဲသို့သတိထား၍လှမ်းဝင်သွားခဲ့ကြသည်။တစ်နေရာ‌အရောက်တွင်

"နန်းဆက်......"

သက်တန့်၏စိုးရိမ်တကြီးလေသံကြောင့် နန်းဆက်၏ခြေလှမ်းတို့တုံ့ခနဲရပ်တန့်သွားကြ၏။

"ဘာလဲ Honey"

"သတိထား နန်းဆက်။သူမရှိနေတယ်။ဖုံးကွယ်မန္တန်သုံးထားတာကို သက်တန့်ခံစားမိနေတယ်"

ထိုခဏတွင်

"မင်းကမဆိုးဘူး။အရည်အချင်းတကယ်ရှိတာပဲ။မင်းမှာအဆင်မပြေတာတစ်ခုပဲရှိတယ်။ကိုယ့်ရဲ့မျိုးနွယ်ကိုသစ္စာဖောက်ပြီး ရန်သူကိုကူညီနေတာကဆိုးလွန်းနေတယ်"

သက်တန့်တို့၏ရှေ့၌ပေါ်လာသောအမျိုးသမီးသည် စကားပြောရင်းလက်တစ်ဖက်ကိုဝှေ့ရမ်းလိုက်ရာ အခန်းထောင့်ရှိထိုင်ခုံကမိမိတို့သုံးဦး၏အလယ်သို့ရောက်လာခဲ့သည်။စုန်းမသည်နန်းဆက်ကိုထိုထိုင်ခုံတွင်ချည်နှောင်ဖို့ကြိုးစားလာခဲ့၏။သက်တန့်ကတန့်ပြန်မန္တာန်ဖြင့်စုန်းမကိုတားဆီးဖို့ကြိုးစားလိုက်သည်။

စုန်းမသည်သူမကိုဆန့်ကျင်တိုက်ခိုက်ဖို့ကြိုးစားသည့်သက်တန့်ရှိရာသို့လက်ဆန့်တန်း၍ဂါထာရွတ်ဆို‌လိုက်သောအခါ သက်တန့်သည်ထိုနေရာနှင့်ဝေးရာသို့လွင့်ထွက်သွားခဲ့၏။ထို့ပြင်သက်တန့်နှင့်နန်းဆက်တို့ကြား၌အလွှာပါးလေးတစ်ခုဖြစ်တည်လာခဲ့သည်။

ထိုအရာကသက်တန့်နှင့်သူတို့အားခြားနားလိုက်သဖြင့်သက်တန့်ထိတ်လန့်သွားရသည်။နန်းဆက်ကိုကူညီဖို့မလွယ်တော့ဘူးဟူ‌သည့် အသိကသက်တန့်ကိုခြောက်ခြားစေ၏။

စုန်းမသည် နန်းဆက်အနီးသို့သွား၍နာကျင်စေသောမန္တန်ကိုရွတ်ဆိုနေခဲ့၏။နန်းဆက်သည် နာကျင်မှုကြောင့်ကြမ်းပြင်ဆီသို့ဒူးထောက်ကျသွားခဲ့သည်။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now