Chapter(35)

20 2 0
                                    

သက်တန့် နိုးလာစေဖို့ရက်သတ္တပတ်များစွာဆုတောင်းခဲ့ပြီး၍ တစ်ခုသောနေ့ရက်တွင်ဖြစ်သည်။မိမိ၏ရင်ဘတ်တွင်ဖိကပ်၍ဆုပ်ကိုင်ထားခဲ့သော သက်တန့်၏လက်ကလေးဆီမှ လှုပ်ရှားမှုတစ်ချို့ကို နန်းဆက်ခံစားမိလာသောအခါ လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။

ထိုခဏတွင်မှိတ်ထားသောမျက်ဝန်းလေးများပွင့်လာ၍ နန်းဆက်မြတ်နိုးသော သူမ၏စကားသံလေးကို ပြန်လည်နားဆင်ခွင့်ရခဲ့ပါသည်။

"ဘာလို့ငိုနေတာလဲ နန်းဆက်"

"မင်းက အကြာကြီးအိပ်နေတာလေ။ကိုယ် ငိုချင်တာပေါ့ Honey"

"ငိုရတာကိုမုန်းတယ်လို့ ရှင်အမြဲပြောခဲ့တာပဲ"

"ဒါပေမယ့်မင်းအတွက်နဲ့ ကိုယ်အရမ်းပဲ ငိုချင်နေမိတယ်ဆိုရင် မင်းက တားဆီးမှာလား"

"ငိုကြွေးခြင်းဆိုတာရှုံးနိမ့်ခြင်း အထိမ်းအမှတ်ဖြစ်တာကြောင့် ရှင်သိပ်မုန်းတယ်လို့ပြောခဲ့ဖူးတာ သက်တန့်မှတ်မိသေးတယ်။ရှင့်ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ ရှင်သိပ်မုန်းတဲ့ ရှုံးနိမ့်မှုတွေမပါဝင်စေချင်ဘူး"

"ဒါပေမယ့်လေသက်တန့်မျှော်စင်ဆိုတဲ့ ကောင်မလေးကြောင့်ငို‌ကြွေးတတ်ခဲ့ပြီး‌တော့ ရှုံးနိမ့်ခြင်းတွေကိုနမ်းရှိုက်တတ်လာခဲ့ပြီဆိုတာ မင်းသိသင့်တယ်"

နန်းဆက်စကားကြောင့်သက်တန့်ရဲ့နှုတ်ခမ်းတွင်ကျေနပ်ကြောင်းပြသသည့်အပြုံးလေးတစ်ခုဖြစ်ပေါ်လာပါသည်။

"ရှင်က ကဗျာဆန်ဆန်စကားတွေ ပြောတတ်လာပြီပဲ။ဂုဏ်ယူပါတယ် နန်းဆက်"

"ကိုယ့်ကိုလှောင်တာလား။ကိုယ့်ကိုမင်းက ရှက်ရွံ့သိမ်ငယ်စေတာပဲ Honey"

"မလှောင်ပါဘူး။ဂုဏ်ပြုတာပါကွယ်။မရှက်စမ်းပါနဲ့"

"မင်း........."

"ရှင်ရဲ့ စကားလုံးတွေက အမြဲတမ်းပဲ ခါးသက်မောက်မာနေခဲ့တာလေ။အခုလို ပြောင်းလဲလာမှုက အံ့အားသင့်ဖွယ်ကောင်းလွန်းလို့ပါ"

"မင်းကကိုယ့်ရဲ့ရှုံးနိမ့်ခြင်းကို ကျေနပ်နေတာလား။အဲ့ဒီလို အပြုအမူမျိုးကို ကိုယ်မနှစ်သက်တတ်တာ မင်းသိပါတယ်နော်"

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now