Chapter(16)

40 4 0
                                    

သက်တန့်သည်အတွေးမျိုးစုံဖြင့်ရှိနေ၏။စတင်၍ပြဿနာဖြစ်ကတည်းက တွေးမိသည်။ထိုပြဿနာသည် နန်းဆက်ထည်ဝါရဲ့လက်ချက်ပဲဖြစ်လိမ့်မည်ဟု........။

အဲ့ဒါကိုထပ်၍အများကြီးစဉ်းစားစရာမလိုခဲ့ပါ။နန်းဆက်ကသက်တန့်ဆီသို့‌စာရေးသားဆက်သွယ်လာခဲ့ခြင်းကြောင့်ဖြစ်သည်။

"မင်းရဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး အဆင်မပြေဘူးလို့ကြားရတာ ကိုယ်စိတ်မကောင်းဘူး။ကိုယ်မင်းဆီကိုလာခဲ့မယ်။မင်းရဲ့အိမ်မှာ မင်းကိုတွေ့ရလိမ့်မယ်လို့ ကိုယ်မျှော်လင့်တယ်"

ရေးထားသောစာလုံးများကို ဖတ်ရင်း သက်တန့်စိတ်လေသွားရသည်။နန်း‌ဆက်က လိုချင်တာမရမချင်း သက်တန့်ကိုပြဿနာရှာဖို့ ဆုံးဖြတ်ထားတာ သေချာနေပုံရ၏။နန်းဆက်ရဲ့အခြေအနေကိုထိုစာသားများကြောင့်သက်တန့်သေချာသိလိုက်ရခြင်းက စိတ်ရှုပ်ထွေးစေပါ၏။

သို့သော် နန်းဆက်ကိုသက်တန့် အိမ်၌စောင့်နေခဲ့မိပါ၏။ထိုအရာသည် သက်တန့်ပြဿနာကိုဖြေရှင်းလို၍မဟုတ်ပဲ နန်းဆက်ကိုတွေ့ချင်၍ဖြစ်သည်။နန်းဆက်ကို သက်တန့်ကအကြာကြီးရှောင်နေခဲ့ခြင်းကြောင့် သူမကိုသက်တန့်လွမ်းသလိုခံစားနေရသည်။ထို့ကြောင့် နန်းဆက်ကိုတွေ့ဖို့အိမ်၌စောင့်နေခဲ့ပါ၏။

သက်တန့်အိမ်သို့နန်းဆက်က သူမပြောထားသည့်အတိုင်းသေချာကိုရောက်လာခဲ့ပါ၏။တံခါးဝတွင်ရပ်နေသောနန်းဆက်၏ပုံစံက နွမ်းလျနေဟန်ရှိသဖြင့်နေမကောင်းဘူးလားဟုသက်တန့်စိတ်ပူမိပြန်သည်။နန်းဆက်က သူမ၏ရင်ဘတ်ကိုဖိရင်းတစ်ခုခုကိုခံစားနေရဟန်ရှိသည်။

"ရှင် နေကောင်းရဲ့လား နန်းဆက်"

သက်တန့်၏မေးခွန်းကို နန်းဆက်ကပြန်မဖြေခဲ့ပါ။မကြားလိုက်သလိုလုပ်ရင်း သူမပြောချင်ရာကိုသာပြောခဲ့ပါ၏။

"ကိုယ်ဝင်လာခဲ့လို့ရတယ်မဟုတ်လား"

သက်တန့်က ဘာမှမပြောပဲ တံခါး‌ပေါက်မှဖယ်ပေးလိုက်သောကြောင့် နန်းဆက်က သက်တန့်ကိုမထိတထိလုပ်ရင်း အိမ်ထဲသို့ဝင်လာခဲ့သည်။မုန်းတီးစရာကောင်းသော နန်းဆက်ကိုကြည့်ရင်း သက်တန့်ပေါက်ကွဲနေမိသည်။သက်တန့်ကို ပြဿနာရှာနိုင်လွန်းသော နန်းဆက်ကြောင့် သက်တန့်အမြဲတမ်းစိတ်ရှုပ်ရတာကို မုန်းတီးမိသလို နှစ်သက်နေတတ်ပြန်သည်။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now