Chapter(12)

59 6 0
                                    

"သစ်တောက သူမကိုလက်ခံတယ် ဦးလေးငယ်"

"အဲ့ဒါက နည်းနည်းတော့ထူးဆန်းတယ် ထည်ဝါ။သစ်တောက ဘယ်တုန်းကမှ လက်မခံခဲ့တဲ့အရာကို လက်ခံလိုက်တယ်ဆိုတော့ ကောင်းတာလား ဒါမှမဟုတ် ဆိုးတာလား"

"ဘယ်လိုအရာတွေလာနေသလဲ ထည်ဝါမသိဘူးဦးလေးငယ်။တစ်ခုခုစတင်နေပြီဆိုတာတော့ထည်ဝါသိတယ်။အဲဒါက ......"

"ဘယ်လိုအရာပဲလာလာ မင်းဘက်က ခံနိုင်ရည်ရှိဖို့လိုတယ် ထည်ဝါ။ပြီးတော့ အဲ့ဒါကိုရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေဖို့လည်းလိုတယ်"

"ထည်ဝါ ရင်ဆိုင်နိုင်မယ်လို့ထင်လား ဦးလေးငယ်"

"အဲ့ဒါကိုမင်းသိပြီးသားပဲလေ ထည်ဝါ။မင်းရဲ့အနာဂတ်ကိုသိနှင့်ခဲ့ပြီးပြီပဲ။မင်းရဲ့ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကိုပြသခဲ့ပြီးပြီ။မင်းဘယ်လမ်းကိုလိုက်မလဲဆိုတာပဲရွေးချယ်ရမှာမဟုတ်လား"

"ထည်ဝါ့ရဲ့စိတ်တွေ တွေဝေစပြုနေသလိုခံစားရတယ် ဦးလေးငယ်"

"မင်းကိုငါအမြဲတမ်းသတိပေးခဲ့တယ်မဟုတ်လား။မမေ့သင့်တာကိုမမေ့ပါနဲ့လို့။မင်းထွက်ပြေးခဲ့တဲ့ငရဲထဲကိုနောက်တစ်ခေါက်ပြန်မသွားချင်စမ်းပါနဲ့"

"လူသားစစ်စစ်တစ်ယောက်ဖြစ်နေသေးတာတော်တော်ဆိုးတယ်ဦးလေးငယ်။နှလုံးသားရဲ့ပြင်းထန်တဲ့ခံစားချက်တွေကိုလွန်ဆန်ဖို့ခက်ခဲလွန်းတယ်။တကယ်လို့ထည်ဝါက အခြားအရာတစ်ခုဆိုရင်ခံစားချက်မဲ့သွားနိုင်တယ်မဟုတ်လား။အဲ့ဒါဆိုလွယ်ကူသွားမယ်ထင်တယ်"

"အခြားအရာတွေက မင်းထင်ထားတာထက် ပိုဆိုးနေရင်ရော....။မင်းအခုရင်ဆိုင်နေရတာထက် ပိုခက်ခဲရင်ဘယ်လိုလုပ်မလဲ။မဟုတ်တာတွေ မစဉ်းစားစမ်းပါနဲ့"

"ထည်ဝါမသိတော့ဘူး ဦးလေးငယ်"

"စိတ်ဓာတ်မာကျောစမ်းပါ ထည်ဝါ။မင်းကိုသန်မာလာအောင် ငါကိုယ်တိုင် လေ့ကျင့်ပေးခဲ့တယ်မဟုတ်လား။လူသားတစ်ယောက်ရဲ့ပြင်းထန်တဲ့စိတ်ဓာတ်ကို ငါကိုယ်တိုင်သင်ကြားပေးခဲ့ဖူးတာပဲ။မပျော့ညံ့စမ်းပါနဲ့"

"ထည်ဝါ ဘာလုပ်ရမှန်းမသိတော့ဘူး"

"ဒီကိစ္စတွေကမင်းအတွက်ခက်ခဲနေရင် ငါကိုယ်တိုင်ကိုင်တွယ်ရလိမ့်မယ်နော် ထည်ဝါ"

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now