Chapter(22)

31 5 0
                                    

သက်တန့်ကသူမရဲ့ပြပွဲပြီးသွားသောအခါ အိမ်ပြန်ရန်အတွက် ပြင်ဆင်လိုက်သည်။ကားပါကင်တွင်ရပ်ထားသော ကားဆီသို့ သက်တန့်ရောက်သောအခါ မိမိ၏ကားရှေ့တွင် ပိတ်ရပ်ထားသော နန်းဆက်၏ကားကို တွေ့လိုက်ရသည်။

"ဒီမှာဘာလုပ်နေတာလဲ နန်းဆက်"

"မင်းကိုစောင့်နေတာလေ"

"ပြပွဲမှာဘာလို့လာမတွေ့တာလဲ....."

"မင်းရဲ့အဖြေပဲ ကိုယ်သိချင်တာ။မင်းရဲ့ပြပွဲကို ကိုယ်စိတ်မဝင်စားဘူး"

"ရှင်ဟာ‌လေ..... တကယ့်ကို မလွယ်ဘူးပဲ။ဒီပုံစံကိုသက်တန့်ဘယ်လိုလက်ခံရမလဲ"

"မင်းနှစ်သက်လာဖို့ ကိုယ့်ပုံစံကိုပြုပြင်‌ မပေးနိုင်ဘူး။ကိုယ်နဲ့ ပတ်သက်သမျှ အရာရာကို မင်းလက်ခံပေးတာပဲ လိုချင်တယ်"

"ရှင်က မလွန်လွန်းဘူးလား။တရားမျှတမှုမရှိဘူးလို့ရော မတွေးမိဘူးလား"

"နည်းနည်းလေးမှ မတွေးမိဘူး ....."

နန်းဆက်၏ ခပ်တည်တည်မျက်နှာဖြင့် ဖြေလိုက်သည့် ပြတ်သားသောအဖြေကြောင့် သက်တန့်၏ ခံစားချက်တို့ ခါးသက်သွားခဲ့ရသည်။ဒီလိုအရာတွေကို ရေရှည်မှာ သက်တန့်လက်ခံနိုင်ဖို့ မသေချာပါ။

ဒါဆို နန်းဆက်ကို သက်တန့် ငြင်းလိုက်ရမလား........ဟင့်အင်း အဲ့ဒီလိုလည်းမဖြစ်ဘူး။ နန်းဆက်ကို သက်တန့်လိုအပ်သည်။သူမနှင့် မတွေ့ရသည့် တစ်ပတ်အတွင်း ဘယ်လောက်အထိလွမ်းနေခဲ့ရသလဲ သက်တန့်ကိုယ့်ကိုကိုယ် အသိဆုံးဖြစ်သည်။

ဘာလုပ်ရမလဲ သက်တန့်စဉ်းစားမရတာတော့ အမှန်ပဲဖြစ်သည်။ဒါပေမယ့် နန်းဆက်၏ မျက်နှာကို ကြည့်မိပြန် သောအခါမှာတော့ သူမကို ငြင်းဆန်လိုက်ဖို့ လုံလောက်သောမျက်နှာပေးဖြစ်နေခဲ့ပြန်၏။ဒါကြောင့် သက်တန့်အတွက် ဘယ်လောက်ပဲလိုအပ်နေခဲ့ပါစေ နန်းဆက်ကို ငြင်းဆန်ဖို့ ဆုံးဖြတ်လိုက်သည်။

"ဘာတွေစဉ်းစားနေတာလဲ ကလေးမ"

"ရှင့်ကိုဘယ်လိုဖြေသင့်သလဲလို့ စဉ်းစားနေတာ"

"အဲ့ဒီတော့ ......"

"ရှင့်ကိုမချစ်နိုင်ဘူး နန်းဆက်"

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now