Chapter(8)

76 6 0
                                    

သက်တန့်က အိမ်ပြန်ရောက်သောအခါ မိမိရဲ့ပစ္စည်းများကိုသိမ်းဆည်းဖို့ ချက်ချင်းလုပ်ဆောင်လိုက်သည်။နန်းဆက်ကသက်တန့်ကို ဂရုမစိုက်ဟန်ဖြင့် ဘာမှမပြောပဲနေခဲ့သည်။

အဲ့ဒီမိန်းမက သက်တန့်ထွက်သွားမှာကို ထပ်ပြီးမတားဆီးဘူးပေါ့။သက်တန့်ထင်ထားတာက နန်းဆက်က သက်တန့်ကျေနပ်အောင်ပြောဆိုနှစ်သိမ့်၍ ထွက်မသွားရန်တားဆီးမည်ဟု......။အခုတော့ နန်းဆက်ကသက်တန့်ကို ရှိနေသည်ဟု ထင်မှတ်ဟန်တောင်မရပါ။

"ကိုယ်ကိစ္စရှိလို့ အပြင်ခဏသွားမယ် ကလေးမ။မင်းဒီမှာပဲ‌ နေပါ။မင်းကိုယ်နဲ့ မပတ်သက်ချင်တော့ဘူးဆိုရင် စာချုပ်ကိစ္စကို လူကြီးလူကောင်းဆန်ဆန် စာရင်းရှင်းသင့်တယ်လို့ ထင်တယ်။ဒါကြောင့် ကိုယ်ပြန်လာတဲ့အထိ‌ စောင့်နေပါ။ကိုယ်မရှိတုန်း ထွက်မသွားဘူးလို့ ယုံကြည်ပါရစေ"

နန်းဆက်က သူပြောချင်ရာပြော၍ ထွက်သွားခဲ့ပါ၏။နန်းဆက်ကိုသက်တန့် စိတ်ထဲက ကြိတ်၍ ကျိန်ဆဲမိသည်။အဲ့ဒီလောက်အထိ ချေမိုးနေရသလား ဒေါ်နန်းဆက်ထည်ဝါ။သက်တန့်ကို ခခယယ တားဆီးလိုက်တော့ ရှင်ဘာဖြစ်သွားမှာမို့လို့လဲဟု တွေးရင်း.......။

နန်းဆက်ကို ဘယ်သူမှရှိမနေသည့်အဆောက်အဦးထဲတွင် သက်တန့်တစ်ယောက်ထဲ စောင့်နေခဲ့ရသည်။တဖြည်းဖြည်းနှင့် နန်းဆက်ထွက်သွားခဲ့သည်မှာ မနက်ကနေ ညနေသို့ပင် ရောက်ရှိလာခဲ့သည်။ညအတော်နက်သည်အထိ နန်းဆက်ပြန်ရောက်မလာသောအခါ စိတ်ပူမိသလိုရှိလာ၏။

သို့သော် သူမကိုစိတ်တိုနေသောအရှိန်ဖြင့် စိတ်ပူနေသောအတွေးကို ပြန်မောင်းထုတ်လိုက်သည်။အဲ့ဒီမိန်းမကို ဘာဖြစ်လို့စိတ်ပူ‌နေမလဲ.......ကိုယ်နဲ့မှမဆိုင်တာဟု သက်တန့်တွေးပစ်လိုက်သည်။

သို့သော် နန်းဆက်ပြန်အလာကို မျှော်နေမိသောအဖြစ်ကို သက်တန့်ထိန်းချုပ်မရခဲ့ပါ။ထိုစဉ်တွင် အိမ်ရှေ့၌ ရပ်တန့်လိုက်သော နန်းဆက်၏ကားကိုတွေ့လိုက်ရသည်။

သက်တန့်တွေ့လိုက်ရတာကကား‌ေပါ်ကဆင်းလာ‌ေသာနန်းဆက်၏ကိုယ်ပေါ်၌ပေကျံနေသော သွေးစတစ်ချို့ဖြစ်သည်။နန်းဆက်က သွေးပေနေသောနေရာကိုလက်ဖြင့်ဖိရင်းကားတံခါးကိုပိတ်လိုက်သည်။နန်းဆက်ထိခိုက်မိလာတာလားဟု သက်တန့်တွေးမိသည်။သက်တန့်၏အတွေးမဆုံးခင် အနည်းငယ်ယိမ်းယိုင်သွားသည့် နန်းဆက်၏အခြေအနေကြောင့် သက်တန့် ဘာမှထပ်ပြီးတွေးမနေတော့ပဲ နန်းဆက်အနီးသို့ အပြေးသွားမိသည်။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now