Chapter(39)

15 1 0
                                    

"မင်းက သက်တန့်အကြောင်းကြေငြာဝံ့ပြီဆိုတော့ ငါကသေဖို့အသင့်ပြင်ပေးထားရတော့မှာပေါ့"

ထည်ဝါ၏လုပ်ရပ်ကို ဦးလေးငယ်ဒေါသထွက်နေဟန်ရှိသည်။စကားကိုအရွဲ့တိုက်၍ပြောလာ၏။

"ထည်ဝါ ဘယ်လိုတောင်းပန်ရမလဲ မသိတော့ဘူး ဦးလေးငယ်။ထည်ဝါလေ..... သက်တန့်ကိုစိတ်ချမ်းသာအောင်ထားချင်လို့ပါ။သူမက ထည်ဝါတို့အကြောင်းကို အားလုံးသိစေချင်တဲ့ဆန္ဒရှိနေခဲ့တာ.....ပုံမှန်ချစ်သူတွေလိုပေါ့။သူမရဲ့ဆန္ဒကို ထည်ဝါဖြည့်ဆည်းပေးချင်လို့......"

"ဒီကိစ္စကိုအဖွဲ့အစည်းနဲ့ ဘယ်လိုရှင်းမယ်လို့ စိတ်ကူးထားသလဲ ထည်ဝါ"

"အိမ်မက်မြို့ဟောင်းရဲ့စည်းမျဉ်းအရ သက်တန့်ကသူမရဲ့အမွေအနှစ်ကို လက်မခံသေးသ၍နန်းဆက်နဲ့ချစ်ကြိုက်ပိုင်ခွင့်ရှိတယ်မဟုတ်လား"

"သူမက အဲ့ဒီအမွေအနှစ်ကိုလက်ခံဖို့ တစ်နည်းနည်းနဲ့အကြောင်းဖန်လာမှာပဲ‌လေ။အဲ့ဒါကို မင်းသိပြီးသားပဲ။ရှေ့ဖြစ်ဟောသူပြောခဲ့တဲ့အရာတွေကို မင်းမှတ်မိသင့်တယ်"

"ထည်ဝါ မှတ်မိပါတယ်။အဲ့ဒီလိုဖြစ်မလာအောင် ကြိုးစားကြည့်ပါရစေ"

"ဒီလောက်ခက်ခဲကြမ်းတမ်းတဲ့ခရီးကို မင်းက လျှောက်လှမ်းဖို့ကြိုးစားဦးမယ်ပေါ့"

"ထည်ဝါအတွက် သက်တန့်ကသိပ်အရေးပါတယ်။သူမကို ချစ်မြတ်နိုးဖို့ ထည်ဝါဆန္ဒရှိနေတော့ ဘယ်လိုလုပ်မလဲ ဦးလေးငယ်"

"သေတွင်းထဲကိုခုန်ဆင်းဖို့ဆန္ဒရှိနေတယ်လို့သာပြောလိုက်ပါတော့ ထည်ဝါရယ်"

"အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးထည်ဝါ့ကို ဦးလေးငယ်ကူညီမယ်မဟုတ်လားဟင်"

ဦးလေးဖြစ်သူသည်စကားဆက်မပြောပဲ ထည်ဝါ့ကိုကြည့်၍အတန်ကြာအောင်ငြိမ်သက်နေခဲ့သည်။ပြီးသောအခါမှ စိတ်လျှော့လိုက်ဟန်ဖြင့် ပြောလာခဲ့သည်။

"ထားလိုက်ပါတော့။မင်းရဲ့ဆန္ဒကငါ့ရဲ့ဆန္ဒပဲပေါ့လေ"

***********

ကံကြမ္မာဆိုတာက လူတွေရဲ့လုပ်ရပ်တိုင်းကို အဆုံးအဖြတ်ပေးမယ့် တရားသူကြီးတစ်ယောက်ဖြစ်မယ်လို့ ထင်ပါသလား။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now