အပိုင်း ၈၉ / ၉၀

73 1 0
                                    



အပိုင်း ၈၉

 သုံးလကြာပြီးနောက်

 တောက်လောင်နေတဲ့ နေရောင်အောက်တွင် အရှေ့တပ်မတော်အုပ်စုရဲ့ အကြီးဆုံး လေ့ကျင့်ရေးကွင်း၌ ကျယ်လောင်တဲ့ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

 "အားလုံး နောက်ကိုယိုင်ထား!"

 "တစ်ဝက်ထိုင်၊ မင်းတို့ရဲ့ဆွဲငင်အားရဲ့ဗဟိုကိုပြန်ဖိထား"

 "ပထမနေရာအတွက် ရအောင်ကြိုးစားကြ!"

 "သေတာက ပိုကောင်းတယ်ဆိုတာက ဒုတိယပဲ!"

 အော်ဟစ်အားပေးသံများက ကွင်းတစ်ခုလုံး လှိုင်းလုံးများလို တစ်လုံးပြီးတစ်လုံး အော်ဟစ်နေခဲ့သည်။

 နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ တပ်မတော်နယ်မြေ အားကစားပြိုင်ပွဲများက အထူး ကြီးကျယ်ခမ်းနားပြီး လူတိုင်းမှာ တိုက်ပွဲ စိတ်ဓာတ်အပြည့်ရှိကြသည်။ လွန်ဆွဲပွဲက ဒီနေ့နံနက်ပိုင်းတွင် ပထမဆုံးပွဲဖြစ်ပြီး သုံးရက်ကြာကျင်းပခဲ့သည့် အားကစားအဖွဲ့ နောက်ဆုံးပွဲစဉ်ဖြစ်သည်။

 တပ်ရင်းတပ်ဖွဲ့ဝင်တွေနဲ့ ထောက်ပို့အမှုထမ်း စုစုပေါင်း ၂၁၀၀၀ ခန့် တက်ရောက်ခဲ့သည်။ တပ်ရင်းဆယ့်နှစ်တပ်စလုံးက ထိပ်တန်း ဂုဏ်ထူးသုံးခုကို ဆွတ်ခူးဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ ဆုရရှိသူတွေကို နှစ်စဉ် ဆုချီးမြှင့်ခဲ့ပြီး စုပေါင်းဆုတွေနဲ့ ဆုဖလားတွေ ပေးအပ်ချီးမြှင့်သည်။ ဒါပေမယ့် ဒီနှစ်မှာတော့ အဲဒါတွေအပြင် နောက်ထပ် အောင်နိုင်သူရဲ့ အကျိုးကျေးဇူးတစ်ခု ရှိသေးသည်။ ကန်တင်းဆိုင်စားဖိုမှူးမှ ပြုလုပ်ထားသော အထူးဆုလာဘ်တွေကို တစ်အုပ်စုလုံး ခံစားနိုင်မည်ဖြစ်သည်။

 လူတိုင်းနီးပါးက အစားစားရဖို့ ဆာလောင်မှုစွမ်းအားကို အသုံးပြုကာ ဒီအကျိုးကျေးဇူးကိုရရှိဖို့ အပြေးအလွှားလုပ်ဆောင်နေကြသည်။

 "F*ck၊ ပထမတပ်ရင်းက ပြင်းထန်လွန်းတယ်၊ တစ်ယောက် အင်အားအပြည့်နဲ့ စိတ်ဓာတ်စွမ်းအားအပြည့်နဲ့ နောက်တစ်ယောက်လည်းရှိတယ်။ ဒီနှစ်ယောက်က ပြိုင်ဘက်တွေကို နှောင့်ယှက်ပြီး ဒုတိယအုပ်စုက တွဲလောင်းဖြစ်နေတာ"

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now