ဖြစ်တည်မှု
20.3K 1.2K 35
(Za)
" မင်း သူ့ကို ချစ်နေပြီ kyungsoo "
ကျွန်တော် တစ်ပါတ်လုံးလုံး မွန်းကျပ်စွာ ဖြစ်တည်နေသည့် ခံစားချက်ကို မှတ်ချက်ပြုလိုက်သည့် သူ့စကားတစ်ခွန်းက ကျွန်တော့် အတွက်တော့ မိုးကြိုးပစ်လိုက်သလို ထိတ်လန့်ကြောက်ရွံ့မူကို ခံစားစေသည်... ပြီးတော့ ထိုသူ့မှတ်ချက်စကားရဲ့ မှန်ကန်မူက ကျွန်တော့် စိတ်ကို ခြောက်ခြားစေသည်...ကျွန်တော် သူ့ကို ထိတ်လန့်ကာ ကြည့်လိုက်တော့ သူ့ပုံစံက ယုံကြည်ချက်အပြည့်နှင့် မျက်ဝန်းတွေ... ခပ်လှမ်းလှမ်းတွင် ထိုင်နေသော kai နှင့် narhae ကို ကျွန်တော် မဝံ့မရဲ့ ခိုးကြည့်မိလိုက်သည်... kai နှင့် narhae ကတော့ ကျွန်တော်တို့ကို သတိမထားမိ... ကျွန်တော် ဘာမှ မပြောပဲ သူ့နားမှ ထွက်သွားရန် ပြင်လိုက်သည်။ တော်ပြီ ... ဒီကောင့်ရဲ့ ရူးနှမ်းသည့် မှတ်ချက်စကားကို ကျွန်တော် နားမထောင်ချင်... ကျွန်တော် တကယ် ချစ်မိနေတာလား ... ဖြစ်နိုင်လို့လား ... ဟင့်အင်း ... ကျွန်တော်က အဲ့လို လူစားမျိုး မဟုတ်ဘူး ... ကျွန်တော် အခု ခံစားနေရတာက ငယ်သူငယ်ချင်းတစ်ယောက်ကို နှမျှေိာမိသည့် သူငယ်ချင်းတစ်ယောက်ရဲ့ လောဘပင် မို့လား ...
အရင်တစ်ပါတ်က ကျွန်တော်တို့ ရှေ့မှာ ဆံပင်ရှည်ရှည် ၊ အသားဖွေးဖွေးနှင့် ပြုံးလိုက်ရင် လှပသည့် သွားတတ် လေးကြောင့် ချစ်စရာကောင်းလွန်းလှသည့် narhae ဆိုသည့် မိန်းကလေးလက်ကို ဆွဲကိုင်ကာ ငါ့ ချစ်သူ လေလို့ မိတ်ဆက်လာသည့် kai စကားကို စတင်ကြားတော့ ကျွန်တော် အသက်ရှူဖို့ မေ့သွားမိသလို။ ပြီးတော့ ရင်ဘက်ထဲ ဘယ်တုန်းကမှ မခံစားခဲ့ဖူးတဲ့ ဆုံးရှုံးနာကျင်မူက ခပ်ပြင်းပြင်း စီးဆင်းသွားသည်လေ။ ကျွန်တော့်ကို ကမ်းပေးလာသည့် narhae လက်ကိုတောင် ပြန်လည်ဆုပ်ကိုင်ဖို့ ကျွန်တော် မေ့ရောနေမိသည်။ ပြီးတော့ ကျွန်တော့်ရှေ့မှာ ပြုံးပျော်နေသည့် kai အပြုံးက လောကကြီးတစ်ခုလုံး အပိုင်ရနေသလို ပြီးပြည့်စုံစွာ လှပလွန်းနေပေမယ့် ထို လှပမူကို ကျွန်တော် အလိုမကျသလို မုန်းတီးမိသည်။ တစ်ခြားသူငယ်ချင်းများ ချစ်သူမိန်းကလေးနှင့် မိတ်ဆက်ပေးစဉ်က အခုလို ကျွန်တော် မမွန်းကျပ်ခဲ့ ။ တစ်ပါတ်လုံးလုံး ကျွန်တော် နားမလည်သည့် ခံစားချက်များဖြင့် မွန်းကျပ်ကာ အိပ်မက်ထဲထိ kai အပြုံးက ကျွန်တော့်ကို နာကျင်စေသည်။ ဟင့်အင်း! ကျွန်တော် ဘာဖြစ်မှန်း ကျွန်တော် မသိဘူး။ ဘယ်တုန်းကမှလည်း အခုလို kai ဆီမှာ တစ်ခြားသူ ရှိလာလိမ့်မယ် ကျွန်တော် မတွေးဖူးခဲ့။ ဒီအရွယ်မှာ ဒါတွေ ကြုံတွေ့ရမယ် အချစ်ဆိုတာ ဖြစ်ပေါ်လာမယ်ဆိုပေမယ့် ထိုအကြောင်းအရာများက kai နှင့် ကျွန်တော့်ကြား အခုလို ဝေးကွာနေလိမ့်မယ်လို့ မထင်ခဲ့။ kai ရွေးချယ်မူက ကျွန်တော့်ကို ထိခိုက်နာကျင်စေလိမ့်မယ်လို့ မထင်ခဲ့။