ငြိတွယ်မူ
15.9K 1.1K 50
(Za)
" ခရီးသွားတာ ပျော်ခဲ့ရဲ့လား.."
၅ ရက်ကြာမျှ မတွေ့ရသည့် သူနှင့် ပြန်လည်တွေ့တော့ ပထမဆုံး သူ့ ဆီက ကြားရသည့် စကားသံက ကျွန်တော် တစ်မနက်လုံး စိုးရိမ်နေမိသည့် အခြေအနေမျိုး မဟုတ်ခဲ့ချေ ... သူ့ စကားသံက တည်ငြိမ်စွာပင် ... သူ့ မျက်ဝန်းရဲ့ အကြည့်ကလည်း အေးဆေးစွာပင်... ဒါပေမဲ့ အနည်းငယ်မျှ မို့အစ်နေသည့် သူ့ မျက်လုံးတွေရဲ့ အနေအထားကြောင့် သူ့ရင်ထဲက စိုးရိမ် ဝမ်းနည်းမူကိုတော့ အတိုင်းသား မြင်နေရသည်... ဟုတ်ပါတယ် ...ဒီလို အချိန်.. ဒီလို အနေအထား မျိုးမှာ သူ ရီမောနေသည်ဆိုရငိမျှ အံ့ဖွယ်ရာတစ်ခု ဖြစ်ပေလိမ့်မည်... ဒါပေမဲ့ ပထမဆုံး ကျွန်တော့်ကို မေးလာသည့် သူ့ မေးခွန်းက ပျော်ရဲ့လားဆိုတာကတော့ သူ့ ရှေ့မှာ ရပ်နေသည့် ကျွန်တော့်အတွက် အနည်းငယ်တော့ စိတ်ဖိစီးစရာတစ်ခုပင် ဖြစ်သည်... အနည်းဆုံး သူ ကျွန်တော့်ကို တစ်ခုခု ပေါက်ကွဲလိုက်သည်ကမှ အခုချိန် ကျွန်တော့် အသက်ရှုမူက ဒီမျှလောက် ပင်ပန်းလိမ့်မည် မဟုတ်ပါ....
" တောင်းပန်ပါတယ် ... ငါ မင်း မိဘ သတင်းကို အခုမှ ကြားလို့ပါ..."
ကျွန်တော့် စကားလုံးများအဆုံး သူ့ဆီက ကျွန်တော် မမျှော်လင့်ထားသည့် မဲ့ပြုံးတစ်ခုက သူ့ နှုတ်ခမ်းဖူးဖူးပေါ် ပုံရိပ်ထင်ဟပ်လာတော့ ... ကျွန်တော် အနည်းငယ်မျှ စိတ်ရှုပ်လာကာ သက်ပြင်းရှည်တစ်ခုကို အသံတိတ် ခိုးချလိုက်မိသည်... chanyeol ကျွန်တော့်ကို စိတ်ဆိုးနေတာပဲ...
ကျွန်တော် စိတ်ဆိုးနေသည့် သူ့ဘေးတွင် ငြိမ်သက်စွာ ထိုင်နေမိသည်... ထို့ပြင် ကျွန်တော်မှာလည်း သူ့အတွက် နှစ်သိမ့်ပေးစရာ စကားလုံးမရှိပါ.... လူ့လောကက မထင်မှတ်ဘဲ ထွက်ခွာသွားသည့် မိဘနှစ်ပါးအတွက် သားတစ်ယောက်အနေဖြင့် ပူဆွေးသောကရောက်နေသည် ဆိုတာ မလွဲဧကန်ပင်.... ထိုသောကကို ဖြေသိမ့်ဖို့ ကျွန်တော့်မှာ အကောင်းဆုံး စကားလုံးတွေ မရှိဘူးလေ ...
လွန်ခဲ့သည့် ၅ရက်က သူနှင့် ကျွန်တော် ခရီးတစ်ခု အတူတူထွက်ရန် စီစဉ်ထားခဲ့သော်လည်း ... တကယ့် တကယ်တော့ ကျွန်တော် Chanyeol နှင့် အတူ ခရီးမထွက်ခဲ့ပါ... သူနှင့်အတူ ခရီးထွက်မည့် နေ့မနက်မှာပင် kai ရဲ့ အဘွားဖြစ်သူထံ သွားလည်ရအောင် ဆိုသည့် kai တောင်းဆိုစကားဆန်ဆန် စကားလုံးမှာ ကျွန်တော် ခေါင်းငြိမ့်ကာ လက်ခံခဲ့မိသည်... ထိုကြောင့် သူနှင့် ခရီးစဉ်ကို မလိုက်တော့သည့် အကြောင်း ဖုန်းဖြင့် massage ပို့ကာ ကျွန်တော် ထိုမနက်မှာပင် kai နှင့်အတူ kai အဘွားရှိရာ ဘူဆန်သို့ လိုက်သွားခဲ့သည်... ဒါကြောင့် အခုလို ကျွန်တော် ခရီးသွားသည့်နေ့မှာပင် အမေရိကားမှ အလည်ရောက်လာသည့် chanyeol မိဘနှစ်ပါးစလုံး လေဆိပ်မှ အလာ ကားမတော်တဆဖြစ်ကာ ဆုံးပါးသွားသည့် အဖြစ်ကို အခုလို ခရီးမှ အပြန် အိမ်ရောက်မှ ကျွန်တော်ရော kai ရော သိခဲ့ရသည်... ချက်ချင်း သူရှိရာ နာရေးအခန်းအနားသို့ရောက်တော့... ဒီနေ့က နောက်ဆုံး အရိုးပြာ ကျဲမည့် နေ့ပင်ရောက်နေပြီ.... ဆေးရုံတွင် မိဘနှစ်ပါးလုံး အရေးပေါ်လူနာအဖြစ် ကုသသော်လည်း မတော်တဆဖြစ်ပြီး ၂ရက်မြောက်နေ့မှာပင် နှစ်ဦးစလုံး ဆုံးပါး သွားခဲ့သည်ဆိုတာ ကျွန်တော်တို့ နောက်ကျမှ သိခဲ့ရသည်...