လစ်ဟာမူ
10.5K 968 168
(Z)
နီယွန်မီးရောင်အောက်တွင် မျက်နှာချင်းဆိုင် ရပ်နေကြသော ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် ။ နီယွန်မီးရောင်အောက်တွင် မြင်နေရသည့် ကောင်လေး၏ မျက်ဝန်းတွေထဲတော့ ကြေကွဲမူကို အဓိပ္ပာယ်ဖော်ဆောင်နေသည့် အရည်လဲ့နေသော မျက်ရည်စက်လေးတွေ တွဲခိုနေသယောင်ပင်။ ကောင်မလေးရဲ့ မျက်ဝန်းထဲတွင်တော့ ထိုမျက်နှာချင်းဆိုင် ကောင်လေးဆီမှ ခံစားနေရသော နာကျင်မှုများကို နှစ်သိမ့်ပေးချင်နေသည့် နူညံ့သည့် မိန်းမသားဆန်ဆန် အကြည့်တွေ။ ထိုကောင်မလေး၏မျက်ဝန်းတွေက ယောကျာင်္းတစ်ယောက်အတွက်တော့ သိမ်မွေ့လှပခြင်းကို ဖော်ဆောင်ပေလိမ့်မည်။
" ဘာထူးခြားတာ ရှင်ခံစားမိလဲ ဂျောင်ဆူးရှီ။ "
ရုတ်တရက် ကျွန်တော်ရပ်နေသော ဘေးတွင် ယှဉ်ကာ လာရပ်လိုက်သော ကလယ်လ်ယာဆီမှ စကားသံကြောင့် ကျွန်တော် သူမကို တစ်ချက်လှည့်ကြည့်ကာ အရှေ့မှ ပန်းချီကားဆီ ပြန်ကြည့်လိုက်သည်။ ကျွန်တော့် အကြည့်က ပန်းချီကားထဲမှ ကောင်လေး၏ မျက်ဝန်းတွေကိုပင်ဖြစ်သည်။ ကျွန်တော် ပြုံးလိုက်မိသည်။
" ကောင်လေးက ကောင်မလေးကို ကြည့်နေတာ မဟုတ်ဘူး။ "
ကျွန်တော့် စကားကြောင့် သူမက ကျွန်တော့်ကို အံ့ဩကာ ကြည့်လာသည်ကို ကျွန်တော် မြင်ပေမယ့် ကျွန်တော့် အကြည့်က ပန်းချီကားထဲမှ ကောင်လေးကြည့်နေသော နေရာသို့သာ ။
" ကောင်လေးက ဒီနေရာကို ကြည့်နေတာ။ "
ကျွန်တော် လက်ညိုးရဲ့ ဦးတည်ရာ ပန်းချီကားရှိ ကောင်မလေး၏ ပုခုံးနားကို သူမက လှည့်ကြည့်ပြီး တစ်စုံတစ်ရာကို သဘောကျစွာ ပြုံးလာသည်။ တော်ရုံမိန်းကလေးများက မိမိတို့အလှအပပျက်မှာစိုး၍ အပြုံးတစ်ခုကို သွားမပေါ်အောင် ပြုံးတတ်ကြပေမယ့် ။ ကျွန်တော့် ဘေးက သူမကတော့ ဖြူဖွေးသည့် သူမသွားများကို ပေါ်လွင်အောင် ပြုံးတတ်သူပင်ဖြစ်သည်။ တစ်ခါတလေ ထိန်းချုပ်ထားသည့် အလှအပထက် လွတ်လပ်စွာဖြစ်တည်သော အလှက မြင်ရသူကို ပိုပြီး ဆွဲဆောင်မှုရှိစေသည်ထင်သည်။ ကျွန်တော့် စိတ်ထဲ ကလယ်လ်ယာ၏ အပြုံးတစ်ပွင့်ကို ငေးကြည့်ရုံမျှဖြစ် သူမသည် အလှအပကို သဘာဝကျကျ ဖန်တီးတတ်သူဟု လက်ခံမိလိုက်သည်။ ထိုလက်ခံလိုက်မိသည့် အတွေးနှင့်အတူ သူမရဲ့ ထို အလှအပများကိုလည်း အလိုမကျစွာ ခံစားမိပြန်သည်။ ကျွန်တော်တို့ တောင်ကိုရီးယားနိုင်ငံရှိ ပန်းချီဆရာမိန်းကလေး အများစုက မိမိတို့ ပန်းချီပြပွဲတွင် ပြသထားသည့် ပန်းချီကားများနှင့် လိုက်ဖက်စွာပင် လှပခန်းနားသည့် ဂါဝန်များကို ဝတ်ဆင်လေ့ရှိသော်လည်း ကျွန်တော့် ဘေးရှိ သူမကတော့ အခုပြသနေသည့် ခန်းမအပြည့် ရောင်စုံပန်းချီကားများနှင့် လားလားမျှ မသက်ဆိုင်သော အပြင်အဆင်မျိုးပင် ဖြစ်သည်။ မိုးပြာရောင်အောက်ရှုးဂျင်းဘောင်းဘီက ပေါင်လယ်နားတွင် ဆွဲဖြဲထားသလို ဒီဇိုင်းကြောင့် သူမရဲ့ ပေါင်တွင်းသားဖြူဖြူလေးက မိုးပြာရောင်ဂျင်းဘောင်းဘီကြား မြင်နေရသည်။ အပေါ်က အနက်ရောင်ကြိုးတစ်ချောင်း အင်္ကျီက ခါးအတိပင်ဖြစ်သည်။ တစ်ချက်တစ်ချက် သူမက ပြပွဲလာကြည့်သူများနှင့် စကားလက်စုံကျကာ ရီမောပြောလျှင် သူမခါးအလယ်က ချပ်တွင် လင်းလတ်လာသည့် စိန်ပွင့်လေး။ ထိုစိန်ပွင့်ကို မြင်သည်နှင့် သူမရဲ့ သဘာဝအတိုင်း ရှိနေမည့် အလှအပကို ယောကျာင်္းတိုင်း စိတ်ကူးဖြင့် ပုံဖော်နေကြမှာ အမှန်ပင်ဖြစ်သည်။ သူမက ထိုကြိုးတစ်ချောင်း အဝတ်အစားအပေါ် အရိုင်းမဆန်စေရန် အနီရောင်ပိုးသားခြုံထည်တစ်ခုကို လွှမ်းခြုံထားလေသည်။ ခြုံထည်ကို အသက်ကြီးကြီး မိန်းမများသာ ဝတ်ဆင်မှ လိုက်ဖက်မူရှိသည်ဟု ကျွန်တော် တွေးထင်ထားသည်က အခု ကျွန်တော်ဘေးက ပန်းချီဆရာမ ကလယ်လ်ယာဆိုသူရဲ့ ပုံစံကို မြင်မှ မှားယွင်းမှန်းသိလာသည်။ ပြီးတော့ သူမလို မိန်းကလေးမျိုးရဲ့ ဘေးမှာရှိနေသည့် ချန်ယောအား ကျွန်တော် အနည်းငယ် စိုးရိမ်လာမိသည်။ သူမလို မိန်းကလေးမျိုးကို မချစ်ပဲ သူ နေနိုင်ပါ့မလား။