ပြင်းပြမူ ( 18 + )
22.5K 1K 104
(Z)
သင်းပျံ့လာသည့် ခပ်မွှေးမွှေး ဟင်းရနံကြောင့် ကျွန်တော် မှိတ်ထားသည့် မျက်လုံးကို ဖွင့်လိုက်သည် ။ ကုတင်ပေါ်ရှိ ထူထဲသော ဂွမ်းစောင်ကြီးအောက်တွင် ဖက်လုံးကိုခွပြီး မှောက်အိပ်နေသည့် ကျွန်တော့် မြင်ကွင်းထဲ ပထမဆုံး ဝင်ရောက်လာသည်က အခန်း ပြတင်းပေါက်မှာ တစ်ဆင့် ကျွန်တော် အိပ်နေရာကုတင်ဆီသို့ ဖြာကျနေသည့် မနက်ခင်း အလင်းရောင် စူးစူးလေးပင် ဖြစ်သည် ။ ကျွန်တော့် မျက်လုံးက နေရောင်ခြည်ရဲ့ စူးရှမူကို ချက်ချင်း လက်မခံနိုင်ဖြစ်နေသဖြင့် ပွင့်လိုက်သည့် မျက်လုံးကို ပြန်ပိတ်လိုက်ပြီး တစ်ဖက်သို့ လှည့်ကာ ခပ်စူးစူး နေရောင်ခြည်ကို ကျွန်တော် ကျောပေးလိုက်သည် ။
ကျွန်တော် တစ်ဖက်သို့ လှည့်လိုက်တော့ နောက်ထပ် မြင်လိုက်ရသည့် မြင်ကွင်းက ကျွန်တော့် အဖြူရောင်ခေါင်းအုံးဘေးရှိ တွန့်ကြေနေသည့် နောက်ထပ် ခေါင်းအုံးဖြူဖြူလေးပင် ။ ထိုခေါင်းအုံးကို မြင်မှ ညက အဖြစ်အပျက်ကို ကျွန်တော် မှတ်မိလာကာ အလိုလို ဖြစ်ပေါ်လာသည့် ကျေနပ်စိတ်ဖြင့် ကျွန်တော် ပြုံးလိုက်မိသည် ။ ဒါဆိုရင် အခု မွှေးနေတဲ့ ဟင်းနံက ကျွန်တော့် အိမ်ကပေါ့ ။ မနက်စောစော ဘယ်အိမ်က ကျွန်တော့်ကို အိပ်မရအောင် လုပ်နေပါလိမ့်လို့ နိုးနိုးချင်းကတော့ ကျွန်တော် အနည်းငယ် ဒေါသထွက်မိသည် ။ ဒါပေမယ့် ဒါက သူ ချက်နေသည်ဆိုပြီး တွေးလိုက်တော့ ဘာကြောင့်မှန်းမသိ ကျေနပ်နေမိသည် ။ ထိုကျေနပ်မူက အထီးကျန်ခြင်းကို ဖြေသိပ်ပေး၍ ဖြစ်လာသည်လား ကျွန်တော် ထင်လိုက်မိသည် ။
မနေ့ညက ကျွန်တော့် မိဘများရဲ့ သတင်းကြောင့် ကျွန်တော့် အနား သူ တစ်ချိန်လုံး ရှိနေခဲ့သည် ။ ကျွန်တော် တစ်ညလုံး သူ့ကို ဖက်ကာ အိပ်ပျော်သွားသည်ထင် ။ ကောင်လေးချင်း လက်ပွန်းတတီးနေသည်ကို ကျွန်တော် သဘောမကျပေမယ့် ငယ်ငယ်ကတည်းက baekhyun ရဲ့ အကျင့်ကြောင့် သိပ်တော့ စိမ်းသည်မျိုး မဟုတ်ပါ ။ အဲကောင် baekhyun က သူများ မကြိုက်တာဆို အရမ်းကို လိုက်ပြီး ရွဲ့လုပ်တတ်သူဖြစ်သည် ။ ကျွန်တော်က လက်ပွန်းတတီးနေရသည်ကို မကြိုက်တော့ အထက်တန်း တစ်နှစ်လုံး ဒီကောင် တစ်ကောင် ကျွန်တော့် ဖင်ကို မနက်တစ်ခါ ညတစ်ခါ လာလာ ပုတ်တတ်သည် ။ အခုတော့ baekhyun ကျွန်တော့်ကို လာမပုတ်တော့ပါ ။ ဘယ်အချိန်ကစပြီး ထိုအကျင့် ပျောက်သွားပါလိမ့် ။ မနေ့ညက ကျွန်တော့်ရင်ခွင်ထဲ ထည့်ပြီး ဂျပုကို တက်ခွထားရသည်က ခံစားမှု မဆိုးဝါးဘူးဟု ပြောရမည် ။ ပြောမယ့်သာ ပြောရတယ် ဒီကောင် ခန္ဓာကိုယ်သေးသေးလုံးလုံးကျစ်ကျစ်လေးက ဖက်လုံးထက်ပင် ခွလို့ကောင်းလွန်းလှသည် ။