ခံယူမှု
12.3K 909 42
(Z)
"Luhan shi "
ကျွန်တော့်ရဲ့ ခပ်ကျယ်ကျယ် ခေါ်သံကြောင့် ကျောပေးကာ လမ်းလျှောက်နေသော သူမက ကျွန်တော့်ကို လှည့်ကြည့်လာသည် ။ ကျွန်တော့်ကို မြင်တော့ သူငယ်ချင်းများနှင့် ရီမောကာ ပြုံးနေသည့် သူမ အပြုံးများက ချက်ချင်းပင် တည်ငြိမ်သွားသည် ။ ကျွန်တော် လျှာထုပ်ဦးထုပ်ကို နောက်ပြန်လှည့် စောင်းလိုက်ပြီး သူမတို့ ရပ်နေရာ ကော်ရစ်ဒါသို့ လျှောက်လာလိုက်သည် ။ သူမဘေးရှိ သူငယ်ချင်းကောင်မလေးများက ကျွန်တော့်ကို ကြည့်ပြီး သူမကို ဘယ်သူလဲဟု မျက်နာရိပ် မျက်နာကဲဖြင့် မေးနေကြသည် ။ သူမက ဒီဇိုင်းဆန်းဆန်း အဝါရောင်ပိုက်ဆံအိတ်ကြီးကြီးကို ပုခုံးတစ်ဖက်တွင် လွယ်လျှက် လက်ထဲရှိ စာအုပ်များကို ပိုက်ကာ သူငယ်ချင်းများရဲ့ အမေးကို မသိသလိုလုပ်ပြီး ကျွန်တော့်ကို စိုက်ကြည့်လာသည် ။ ဆေးကျောင်းဆိုသည့် အတိုင်း ကျောင်းဝန်းထဲရှိ ကျောင်းသားကျောင်းသူ တော်တော်များများက ပုလင်းဖင်လောက် ရှိသည့် မျက်မှန်များနှင့် ခပ်တိုတိုဆံပင်များနှင့် သမရိုးကျပုံစံများဆိုပေမယ့် ကျွန်တော့် မြင်ကွင်းထဲက သူမကတော့ ဆေးကျောင်းသူများအားလုံးနှင့် ကွဲထွက်ကာ သီးခြားဖြစ်နေသည် ။ ဒါကြောင့်လည်း ဤမျှလောက် များပြားလှသော ဆေးကျောင်းရှိ ကျောင်းသားများထဲ luhan လို့ ပြောလိုက်သည်နှင့် တန်းပြီး လက်ညိုးထိုးပြနိုင်ကြသည် ဖြစ်မည် ။ သူမ ပုံစံက ဂျူတီကုတ်ဝတ်ဆင်ထားတာချင်း အတူတူတောင် အမြင်မှာ ကွဲထွက်နေသလိုပင် ။ အမေက တရုတ်လူမျိုးဖြစ်ပြီး အဖေက ကိုရီးယားလူမျိုးဖြစ်သည့် သူမက အမေဆီက အလှအပကို အပြည့်အဝ ရရှိထားသူ ဖြစ်သည် ။ ကြည့်လိုက်ရုံဖြင့် သူမက ၁၉၈၉ ခုနစ်ရဲ့ မယ်ကမ္ဘာဆုရှင် သူမ အမေရဲ့ သမီးဆိုတာ သိသာလွန်းလှသည် ။ ထိုကြောင့် သူမက ဆေးကျောင်း စတုတ္ထနှစ်ရဲ့ အလှဘုရင်မ ဖြစ်သလို ကျောင်းသားအားလုံးက ရွေးချယ်ထားသည့် ဆေးကျောင်းရဲ့ ရာသက်ပန် အလှဘုရင်မလည်း ဖြစ်လေသည် ။
" ကျွန်တော်တို့ ခဏလောက် စကားပြောလို့ရမလား "
ကျွန်တော့်စကားကြောင့် သူမက ဘေးရှိ သူငယ်ချင်းများကို ခဏနော်ဟု ပြောပြီး ကျွန်တော့် အနားမှ ထွက်လာတော့ ကျွန်တော်လည်း နားမလည်စွာ ကျန်နေခဲ့သော သူမ သူငယ်ချင်းများကို တစ်ချက်ပြုံးပြလျှက် သူမ အနောက်သို့ လိုက်ခဲ့သည် ။ အနောက်က သူမ သူငယ်ချင်းများရဲ့ lulu ချစ်သူလားဆိုသည့် စကားကို ကြားတော့ ကျွန်တော့် သူငယ်ချင်း baekhyun တစ်ယောက် သူမ အချစ်ကို မရသေးဘူးလားဟု တွေးလိုက်မိသည် ။