ဆုံးရှုံးမူ
11.5K 973 98
(Z)
"မင်းကို ငါ မုန်းတယ် ။ Do kyungsoo ။ "
ထို စကားသံသြသြအဆုံးမှာ ကျွန်တော် အသက်ရှုဖို့ မေ့လျော့နေခဲ့မိသည် ။ ကျွန်တော်တို့ နှစ်ယောက်ရပ်နေသည့် ပတ်ဝန်းကျင်အနီးရှိ လှုပ်ရှားနေသော လူများကိုလည်း ကျွန်တော် မမြင်မိတော့သလို ခံစားလိုက်ရသည် ။ စကားပြောသံတွေ ၊ ခရီးဆောင်အိတ်များ သယ်ယူသံတွေ ၊ လေယာဉ်ဂိတ်ပေါက်မှ သတိပေးအသံတွေ ၊ ဟင့်အင်း ။ ကျွန်တော့်နားထဲမှာ ဘာမှ မကြားရတော့ဘူး ။ မုန်းတယ် ။ မင်းကို မုန်းတယ် ။ ထိုစကားသံတွေသာ ထပ်ခါထပ်ခါ ပဲ့တင်ကာ ကြားနေရသည် ။ ကျွန်တော့်အား နားကြည့်စွာ စူးစူးရဲရဲကြည့်နေသည့် သူ့ မျက်လုံးတွေက ကျွန်တော် ဘယ်တုန်းကမှ မမြင်ဘူးခဲ့ဖူးသည့် သူ့ဆီက မီးလိုပူလောင်သော အကြည့်တွေပင် ဖြစ်သည် ။ ကျွန်တော် ခြေစုံရပ်တည်နေသော ကမ္ဘာမြေကြီးက အစိတ်စိတ်အမွှာမွှာ ကွဲပြိုသွားခဲ့သလို ကျွန်တော် ခံစားလိုက်ရသည် ။ ကျွန်တော့် အရှေ့တွင် ရှိနေသော သူက ကျွန်တော် နှင့် အဝေးကြီးမှာ တည်ရှိနေသလို ခံစားရသည် ။ ကျွန်တော် ထိုခံစားချက်ကြီးကို မုန်းသည် ။ ရင်ဘတ်ထဲ လစ်ဟာသွားသည့် အထီးကျန်ခြင်းတွေက နှလုံးသားကို ပူလောင်လွန်းလှသည် ။
ကျွန်တော့် ဆုံးဖြတ်ချက်က ကျွန်တော် နှင့် သူ့ကြား ဤမျှလောက် ဝေးကွာခြင်းကို ဖြစ်တည်စေသည်တဲ့လား ။ ကျွန်တော် ဆုံးဖြတ်ချက်က ကျွန်တော်နှင့် သူ့အား ဤမျှလောက် နာကျင်မှုကို ယူဆောင်ခဲ့သည်လား ။
အနည်းငယ်မျှတော့ သူ ကျွန်တော့်အား နားလည်ပေးလိမ့်မည် ထင်ခဲ့တာ ။ အနည်းငယ်မျှတော့ သူ ကျွန်တော့် အနေအထားတွေကို ကိုယ်ချင်းစားလိမ့်မည် ထင်ခဲ့တာ ။ နောက်ဆုံးတော့ အရာအားလုံးက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ပျက်စီးခဲ့ရသည်တဲ့လား ။ ကျွန်တော်က ပျော့ညံ့သည့် လူတစ်ယောက်ဆိုတာ သူ သိရဲ့သားနှင့် ။ စူးရဲစွာ စိုက်ကြည့်နေသော သူ့ဆီက ကျွန်တော် တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ရဘူးသည့် တစ်စိမ်းဆန်သည့် အပြုံးကို ကျွန်တော် မြင်တော့ ဖြေရှင်းရန်ကြိုးစားထားမိသည့် အတွေးတွေက ထိတ်လန့်ခြင်းတွေကြား ကွယ်ပျောက်ကာ စကားလုံးများက လည်ချောင်းတွင် ပိတ်ဆို့နေတော့သည် ။ ဟင့်အင်း ။ မင်း ငါ့ကို အဲဒီလို မပြုံးပြပါနဲ့ ။ ကျေးဇူးပြုပြီး ငါ့ကို အဲဒီလို နာကျင်နေတဲ့ ၊ နာကြည်းနေတဲ့ အပြုံးကို မပြုံးပါနဲ့ chanyeol yahh ။ ဘယ်တော့မဆို ပေါ့ပါးစွာ ၊ လွတ်လပ်စွာ ပြုံးတတ်သည့် သူအပြုံးက မြင်ရသူ စိတ်ကို လွတ်လပ်ပေါ့ပါးစေလို ။ အခုလို နာကျင်စွာ ပြုံးနေသော သူ့ အပြုံးကို မြင်တော့လည်း မြင်ရသူ ကျွန်တော့် စိတ်ကို နာကျင်စေပြန်သည် ။