စိုးထိတ်မှု
11.8K 866 103
(z)
ညက တိတ်ဆိတ်ငြိမ်သက်လွန်းလှစွာ တည်ရှိနေသည် ။ အခန်းပြတင်းပေါက်မှ အပြာရောင်ခန်းဆီး လိုက်ကာလေးက လေနှင့်အတူ လွင့်ပါနေလျှက် အေးစက်စက်လေတစ်ချို့က အခန်းအတွင်း တစ်ချက်တစ်ချက် ဖြတ်ဝင်လာခဲ့သည် ။
ကျွန်တော် တလွင့်လွင့် လှုပ်ရှားနေသော လိုက်ကာနှင့် အေးစက်စက်လေထုတို့အား ရပ်တန့်စေရန် အခန်းပြတင်းပေါက်ကို ဆွဲပိတ်လိုက်သည် ။ အပြာရောင်လိုက်ကာလေး တည်ငြိမ်သွားသည် ။ ကျွန်တော် အခန်းထောင့်ရှိ ကုတင်နား လျှောက်သွားလိုက်ပြီး လဲလျောင်းနေသော အေးစက်စက် ခန္ဓာကိုယ်လေးပေါ် စောင်တစ်ထည် လွှမ်းခြုံပေးလိုက်သည် ။
" အိပ်တော့ ။ "
" ..............."
" အိပ်တော့လေ ။ "
ကုတင်အပေါ် လှဲအိပ်နေသော သူရဲ့ လွတ်ထွက်မတတ် ဖမ်းဆုပ်ထားသော ကျွန်တော့် လက်ကို ကျွန်တော် ညင်သာစွာ ရုန်းပြီး ပြောလိုက်သည် ။ ဒါပေမယ့် သူကတော့ ကျွန်တော့်အား စိုက်ကြည့်လျှက် ကျွန်တော့် လက်ကို ဖမ်းဆုပ်ထားဆဲပင် ။ ငေးကြည့်နေသော သူ့၏ မျက်လုံးဝိုင်းဝိုင်းနှင့် စေ့စေ့ဖိပိတ်ထားသော သူ့ရဲ့ နှုတ်ခမ်းအိအိလေးကို ကြည့်နေရင်း ကျွန်တော် ပြုံးလိုက်မိသည် ။ ကြည့်စမ်းပါဦး ။ ကလေးငယ်လေး တစ်ဦးလို သူ့ရဲ့ အပြုအမူက ကျွန်တော့်၏ ရှိရင်းစွဲ စိတ်ဖိစီးမှုကို လျော့ကျစေသည် ။
" ဒီည ငါ့နားမှာ မနေပေးနိုင်ဘူးလား ချန်ယော် ။ "
ကျွန်တော် သက်ပြင်းလေး တစ်ချက်ကို အသာချကာ လှဲအိပ်နေသော သူ၏ ကုတင်ထောင့်စွန်းတွင် ဝင်ထိုင်လိုက်သည် ။ သူကတော့ ကျွန်တော့် အား စိုက်ကြည့်နေလျှက်ပင် ။
" ဟင် ...ဟင်လို့ "
ဒီကောင် ဘယ်အချိန်မှ စတင်ပြီး အခုလို အမူအရာမျိုးတွေ လုပ်တတ်သွားခဲ့သည်လဲ ။ ဒီလို ပုံစံမျိုးက လွန်ခဲ့သော လေးနှစ်ကျော်က ကျွန်တော့်တိုက်ခန်းတွင် သူ ညအိပ်ရန် ပြောသော ကျွန်တော့်ပုံစံနှင့် တူညီနေခဲ့သည် ။ အမြဲချွဲ့နွဲ့တတ်သည့် ဟိုကောင်ဘတ်ခ်ဟွန်းဆီကများ တတ်မြောက်လာခဲ့သည်လား ကျွန်တော် တွေးမိလိုက်သည် ။ မျက်လုံးလေး ပေကလပ်နှင့် သနားသဖွယ် သူ့ ပုံစံက ကာတွန်းကားတွေထဲမှ ချစ်စရာဇာတ်ကောင်လေးများနှင့် တူညီနေသည် ။ ဒါပေမယ့် သူက ထိုဇာတ်ကောင်များထက် ပိုပြီး ချစ်စရာကောင်းတဲ့ လူသားတစ်ဦးပင် ဖြစ်သည် ။