မျှော်လင့်မူ
13.2K 1K 57
(Z)
~~{ yeollie ရေ ..........
အရာရာတိုင်းအတွက် ကျေးဇူးပါပဲကွာ ...
ငါ့ကို မမုန်းတဲ့အတွက်လည်း ကျေးဇူးတင်တယ် ...
ငါ့ကို စိတ်မဆိုးတဲ့ အတွက်လည်း ကျေးဇူးတင်တယ်...
ငါ့ကို အခင်အမင် မပျက်တဲ့ အတွက်လည်း ကျေးဇူးတင်တယ်...
ငါ့ကို အထင်မသေးတဲ့ အတွက်လည်း ကျေးဇူးတင်တယ်...
ငါ့ကို နားလည်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်တယ်...
ငါနဲ့အတူ အိပ်မက်တွေကို အတူတူ မက်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်တယ် ...
ငါနဲ့ အတူ အနုပညာတက္ကသိုလ် လိုက်တက်ပေးသေးတဲ့ အတွက်လည်း ကျေးဇူးတင်တယ် ...
ပြီးတော့ ... မင်း အထက်တန်းပြီးတဲ့ အထိ ချစ်သူမထားတဲ့ အတွက်လည်း ကျေးဇူးတင်တယ် ...
နောက်ဆုံး တစ်ခုကတော့ ...
ငါ မင်းကို ချစ်တယ်လို့ ရင်ဖွင့်ခဲ့တဲ့ အချိန်က မင်း မျက်နာက အပြုံးတွေ ကွယ်ပျောက် မသွားခဲ့တာကို ငါ ကျေးဇူးတင်ပါတယ် ။
ဒါကြောင့် ... အခုလိုပဲ ငါတို့တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်သက်လုံး သူငယ်ချင်းလို ချစ်ချစ်ခင်ခင် နေသွားကြမယ်နော် ...
             မင်းရဲ့ ချစ်လှစွာသော သူငယ်ချင်းလေး }~~
ကုက္ကိုပင်အောက်ရှိ သစ်သား ခုံတန်းလေးပေါ်တွင် ထိုင်နေသည့် ကျွန်တော့် စိတ်ထဲ ရှုပ်ထွေးခြင်းတွေနှင့် မေ့ပျောက်နေခဲ့သည့် ပုံရိပ်များက ဦးနှောက်ထဲ ရှေးဟောင်းရုပ်ရှင်ကားလို မှုန်ဝါးဝါးနှင့် ပေါ်လာသည် ။ အမှန်တရားတစ်ချို့နှင့် မြင်ယောင်မူ ပုံရိပ်များမှာ ကျွန်တော့်ကို  နားမလည်နိုင် ဖြစ်နေမိပေမယ့် ရင်ဘက်ထဲ ခံစားရသည့် မွန်းကျပ်နေမူကတော့ ထိုအရာတွေဟာ ကျွန်တော့် ဘဝမှာ တကယ်ကို ဖြစ်ပျက်ခဲ့သည့် အရာများလို့ ပြောပြနေသယောင်ပင် ဖြစ်သည် ။ ကျွန်တော် ခုံတန်းလျားပေါ် ထိုင်နေရင်း ပေါင်ပေါ်လက်ထောက်ကာ လက်ထဲတွင် ကိုင်ထားသည့် ခေါက်ရိုးကျိုးနေသော စာရွက်ကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေမိသည် ။ ရင်းနှီးနေကြ လက်ရေးလှလှလေးက ကျွန်တော့် အမြင်အာရုံထဲ မြင်နေပေမယ့် ကျွန်တော့် စိတ်ထဲမှာတော့ အတွေးပေါင်းများစွာဖြင့် ။ ကျွန်တော် ထိုင်နေသည့် နေရာသို့ လေပြေအေးအေးလေး တစ်ချက်က ဖြေးညင်းစွာ တိုက်ခိုက်သွားပြီး ကျွန်တော့် နားထဲ တစ်ဖြေးဖြေး လျှောက်လှမ်းလာသည့် ခြေသံလေးကို ကြားနေရသည် ။ ကျွန်တော် စိတ်တွေ လေးလံနေလျှက်ပင် စာရွက်ကိုသာ စိုက်ကြည့်နေမိသည် ။ ကျွန်တော် ထိုင်သည့် အနည်းငယ် မြင့်သည့် တောင်ကုန်းလေးအောက်ပိုင်းရှိ အထက်တန်းကျောင်းမှ အတန်းချိန် တစ်ချိန်ပြီး၍ မြည်လာသည့် တီးလုံးသံကို ကျွန်တော် ကြားလိုက်တော့ အခုအချိန်ထိ မပြောင်းလဲသေးသည့် ထိုတီးလုံးကို ကျွန်တော် ရင်းနှီးစွာ ခံစားရသဖြင့် နှုတ်ခမ်းက အလိုလို ပြုံးလိုက်မိသည် ။ ကျောင်းအုပ်ဆရာကြီး မပြောင်းသေးဘူး ထင်ပါရဲ့ ။ ထိုအချိန် ကျွန်တော့် အမြင်အာရုံထဲ ရောက်ရှိလာသည့် ခြေထောက်တစ်စုံပင် ။ ခပ်သေးသေး ခြေထောက်လေးနှင့် ဖိနပ်တံဆိပ်ကြောင့် ကျွန်တော် မော့မကြည့်ခင်ပင် ဘယ်သူဆိုတာ သိလိုက်သည် ။