တွေဝေမူ
14K 1K 50
(Z)
" တကယ်ပဲလား ... ဟင် လို့ ... baekie အဲဒါ တကယ်ပဲလား .."
ကျွန်တော့်ရဲ့ မျှော်လင့်ချက်များ ပြည့်လျှံနေသော မျက်ဝန်းကို ကြည့်ရင်း baekhyun တစ်ယောက် သက်ပြင်းလေးတစ်ချက်ချလိုက်တော့ ကျွန်တော် စိုးရိမ်ထိတ်လန့်နေမိသည် ။ ဒါ တကယ်ပဲ ဖြစ်နိုင်ရဲ့လား ။ ဒီကိစ္စက တကယ်ပဲ ဖြစ်နိုင်လို့လား ။ ကျွန်တော်က ဒီလိုလူမျိုးတစ်ယောက်ဆိုတာ ကျွန်တော် ယောင်လို့တောင် အိပ်မက်မမက်ခဲ့ဖူးခဲ့ဘူးလေ ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မျှော်လင့်တကြီ်း မျှော်လင့်နေသော မျက်ဝန်းတို့ကို မျက်နာလွဲသွားသည့် baekhyun အပြုအမူကြောင့် ကျွန်တော် မယုံမရဲဖြစ်နေသည့် အတွေးကြားမှ အမှန်ကို ခံစားနေမိလာသည် ။ ဘုရားရေ ...။ တကယ်ပဲ ...။ တကယ်ပဲ ... ။ ကျွန်တော်က ... ။ စိတ်ကူးထဲတောင် ယောင်ယမ်းမတွေးတောမိသည့် ကိစ္စကြီးတစ်ခုက ကျွန်တော့် အနာဂတ်မှာ ဖြစ်လာခဲ့သည်တဲ့လား ။ ကျွန်တော်က အဲလို လူစားမျိုးဖြစ်လာခဲ့သည်လား ။
" အရမ်းလည်း တွေးမနေနဲ့လေ ။ ဆရာဝန်က မင်းကို ဦးနှောက်ကို အနားပေးဖို့ ပြောထားတယ်လေ ."
ကျွန်တော် ဆေးရုံကုတင်ပေါ် ဒူးထောင်ကာ စိတ်ပျက်လက်ပျက် ထိုင်နေမိသည် ။ မတွေးနဲ့လို့ နေနေမိပေမယ့် အတွေးတွေက ရောက်ရောက်လာတာ ခက်သည် ။
ကျွန်တော် ညက baekhyun အိမ်မှာ အတူတူဂိမ်းဆော့ရင်း အိပ်ပျော်သွားတာ ကျွန်တော် သတိရတော့ အခုလို ဆေးရုံတစ်ခုတွင်ရောက်နေပြီ ။ ဘယ်လိုရောက်လာတာလဲ ။ ဘာဖြစ်လို့လဲ ကျွန်တော် အစွမ်းကုန် တွေးတောနေရင်းပင် ဆရာဝန်များနှင့်အတူ ကျွန်တော် မြင်လိုက်ရသည့်  သူငယ်ချင်းကြီး baekhyun ပုံစံကြောင့် ကျွန်တော် လန့်ဖြန့်သွားခဲ့ရသည် ။ ကျွန်တော် မအိပ်ခင် ညတုန်းကတောင် ဒီကောင်က ဆံပင်ကေ တိုကပ်ကပ်နှင့် ။ အခုတော့ ချက်ချင်း baekhyun ဆံပင်ပျော့ပျော့က ရှည်ထွက်လာသည် ။
" ငါက ဘာလို့ မင်းနဲ့ အတူတူ ပြဇာတ်မေဂျာ မယူတာလဲ .."
" မင်းပဲ သီချင်းရေးတာဝါသနာပါလို့ဆို .."
ကျွန်တော် အနည်းငယ်တော့ အံ့ဩမိပြန်ပါသည် ။ မနေ့ကအထိ ကျွန်တော့် စိတ်ကူးယဉ်အိပ်မက်တွေဆိုတာ ဘာမှန်း မသိပေမဲ့ အခုတော့ ကျွန်တော်က ဂီတတွေ ရေးစပ်တဲ့ သူတစ်ယောက်ဖြစ်နေပြီလေ ။