ရုန်းကန်မူ
15.9K 1K 74
(Za)
" မင်းအကြောင်းတွေ အန်တီက ငါ့ကို လာမေးနေတယ်..."
လမ်းဘေးရှိ တွန်းလှည်း တုတ်ထိုးဆိုင်တွင် နှစ်ယောက်သား တုတ်ထိုးပူပူများ စားနေရင်း မေးလာသည့် kai ၏ စကားကြောင့် ကျွန်တော် ပူပူနွေးနွေး အကင်များကို ပါးစပ်ထဲ ပလုပ်ပလောင်းထည့်ရင်း စားနေရင်း ကျွန်တော် kai ကို မေးငေါ့ကြည့်လိုက်သည် ။ kai က ကြည့်နေသည့် ကျွန်တော့်ရဲ့ မေးခွန်းပါသော အကြည့်ကို ပြန်မဖြေပဲ ငြိမ်သက်နေသည် ။ kai ရဲ့ နားလည်ရခက်ခဲသည့် အကြည့်ကို ကျွန်တော် ကြည့်ရင်း စားလက်စ ပါးစပ်ထဲမှ အကင်များကို အမြန် ဝါးလိုက်ကာ အနည်းငယ် နင်သလိုဖြစ်နေသည့် လည်ချောင်းကို ချောမွေ့သွားစေရန် အလောတကြီး လက်သီးဆုပ်ဖြင့် ကိုယ့်ရင်ဘက်ကို ကိုယ်ပြန်ရိုက်နေရသည် ။ ကျွန်တော့် ဖြစ်ပျက်နေပုံကို ကြည့်ပြီး kai တစ်ယောက် စိတ်မချမ်းသာစွာ မျက်ဝန်းဖြင့် ကျွန်တော့်ကို ကြည့်ကာ ရေခွက်ကို ကျွန်တော့်ဆီ လှမ်းပေးလာသည် ။
" အဟွတ်!... အဟွတ်!..."
ကျွန်တော် ပြည့်ကျပ်နေသည့် ရင်ဘက်က ခံစားမှုကို မွန်းကျပ်လာကာ ပါးစပ်ထဲရှိ စားလက်စများ သီးထွက်မလာစေရန် kai လှမ်းပေးသည့် ရေခွက်ထဲရှိရေကို တစ်ကျိုက်တည်း မော့သောက်ပြစ်လိုက်သည် ။
" ဖြေးဖြေးသောက်ပါ kyungie ရ... သီးထွက်ကုန်ပါဦးမယ်..."
ကျွန်တော် သောက်လက်စ ရေခွက်ကို စားပွဲပေါ်ချကာ ရေနှစ်သူတစ်ဦးလို အခုမှ အသက်ကို ဝအောင် ရှုနေရသည် ။ ကျွန်တော် ခဏမျှ အမောဖြေပြီး kai ကို ကြည့်လိုက်သည် ။
" မင်း စောစောက ပြောတာ ဘာလဲ.."
" အော်! ဒါလား .."
Kai က ပြောလက်စ စကားကို ခဏရပ်လျှက် အကင်တစ်ခုကို တစ်ကိုက်ကိုက်စားလိုက်သည် ။ ကျွန်တော် ဘာမှန်း သေချာ မသိပေမဲ့ kai ဆီမှာ ကျွန်တော် နှင့်ပါတ်သတ်ပြီး ပြောစရာ တစ်ခုခုတော့ ရှိနေသည် ။ နောက်ပြီး ထိုအကြောင်းအရာက သတင်းကောင်း မဟုတ်တာတော့ သေချာသလောက်ပင် ဖြစ်သည် ။ kai က သတင်းကောင်းဆိုရင် ဘယ်တော့မှ နောက်ကျမှ ကျွန်တော့်ကို အသိပေးတတ်သူ မဟုတ်ပါ ။ သတင်းဆိုး တစ်ခုဟု kai လက်ခံထား၍သာ အခုလို ကျွန်တော့်ကို အသိပေးရန် တွန့်ဆုတ်နေခြင်း ဖြစ်သည် ။ ကျွန်တော် စိတ်ညစ်သလိုဖြစ်ပေါ်နေသည့် kai မျက်နာကို ဘာမှ မဖြစ်သလို ပြုံးပြကာ ။