ယုံကြည်မှု
15.9K 959 49
(Z)
"အမေ့ ။ "
" sorry နော် ။ "
ကျွန်တော်နှင့် kyungsoo အသံလာရာဘက်ကို လှည့်ကြည့်လိုက်သည် ။ ဆိုင်အဝင်နားလောက်တွင် ကြမ်းပြင်ပေါ် ပျံ့ကျဲနေသော စာအုပ်များကို ကောက်နေသည့် ကောင်မလေး တစ်ယောက်နှင့် ကောင်လေး တစ်ယောက် ။ ထိုကောင်မလေး အနားတွင်တော့ နောက်ထပ် ကောင်မလေး နှစ်ယောက် ရပ်နေသည် ။
" ဟိုကောင် ဘာဖြစ်ပြန်ပြီလဲ ။ "
ကျွန်တော့် အရှေ့တွင် ထိုင်နေသည့် သူ့ဆီက စကားသံ ကြောင့် ကျွန်တော် ကြမ်းပြင်ပေါ်ရှိ စာအုပ်များကို ကောက်ယူနေသည့် baekhyun ကို ကြည့်ရင်း ။
" ဝင်တိုက်မိတာ နေမှာပေါ့ ။ "
အမြဲ နမော်နမဲ့ နိုင်လှသည့် ကျွန်တော့် သူငယ်ချင်း baekhyun တစ်ယောက် အခုလည်း ကျွန်တော်တို့နှင့် ချိန်းထားသည့် ဆိုင်ထဲ ဝင်လာရင်း ဆိုင်အပြင် ထွက်ဖို့ လာသည့် ကောင်မလေးနှင့် ဝင် တိုက်မိသည် ထင်သည် ။ တစ်နေ့ တစ်ကြိမ်လောက်မှ ခုလုပ်မတိုက်မိရင် baekhyun မဟုတ်ဘူး ဆိုသည့် စာဆိုတော်အတိုင်း ကောင်မလေးကို စာအုပ်များကောက်ပေးရင်း ပါးစပ်ကလည်း တောင်းပန်ပါတယ်ကို ရေပါတ်မဝင် ပြောနေသည် ။ ကောင်မလေး လက်ထဲ စာအုပ်များကို ထည့်ပေးရင်း ထိုကောင်မလေးကို ငေးကြည့်နေသည့် baekhyun မျက်နာကို ကျွန်တော် မြင်လိုက်ရတော့ ။ ဒီကောင်တော့ ဖြစ်ရပြန်ပြီ ဟု တွေးကာ အလိုလို ပြုံးလိုက်မိပြီး အရှေ့က သူ့ကို တစ်ချက် ကြည့်ကာ ။
" လာ ။ ဒီဘက် ပြောင်းလာထိုင် ။ "
ကျွန်တော့် ရဲ့ ဘေးရှိ ထိုင်ခုံ နေရာကို လက်ဖြင့် ပုတ်ကာ ပြောလိုက်သည့် စကားကြောင့် သူက ထိုင်နေရာမှ ထကာ ကျွန်တော့် ဘေးတွင် ဝင်ထိုင်လိုက်သည် ။ ကျွန်တော် စောစောက သူ့ရဲ့ သောက်လက်စ ဖျော်ရည်ခွက်ကို ဆွဲယူရင်း ဘေးတွင်ထိုင်နေသည့် သူ့ ရှေ့ နေရာချလိုက်စဉ် ။ baekhyun က ကျွန်တော်တို့ အရှေ့တွင် ဝင်ထိုင်လိုက်သည် ။
" မင်း မြင်လိုက်လား ။ yeollie "
" ဘာလဲ။ "
အားသက်တရော မေးလာသည့် အဆက်အစပ် မရှိ baekhyun စကားကို ကျွန်တော် နားလည်ပေမယ့် မသိသလို ခေါင်းခါပြန်မေးလိုက်သည် ။ သူကတော့ စားပွဲပေါ်ရှိ မီနူးစာအုပ်ကို baekhyun အရှေ့ တိုးပေးလိုက်သည် ။ baekhyun က တိုးလာသည့် မီနူး စာအုပ်ကို ယူပေမယ့် ဒီကောင် မျက်လုံးက စာအုပ်မှာ မဟုတ်သေးချေ ။ စောစောက ကောင်မလေး တစ်သိုက် ထွက်သွားသည့် ဆိုင်အပေါက်ဖက်တွင်သာ ရောက်ရှိနေသည် ။