ဝေဝါးမှု
12.3K 954 151
(Z)
"ဘယ်လိုလဲ။ နေလို့ထိုင်လို့ အဆင်ပြေလား။ "
မှန်နံရံနား ကပ်ထားသည့် ပန်းအိုးလေးကို ရေဖျန်းနေရင်းပင် ဆူဟိုအစ်ကို ကျွန်တော့်အား မေးလေသည်။ ဝတ္တရားကျေ မေးခွန်းတစ်ခုကဲ့သို့ အဓိပ္ပာယ်မျိုး စကားလုံးဖြစ်သော်လည်း ကျွန်တော် နှင့် ဆူဟိုအစ်ကို ရဲ့ ပတ်သက်မူက ဝတ္တရားတစ်ခုထက် ပိုပါသည်။ လွန်ခဲ့သော တစ်နှစ်ခန့်ကမှ တွေ့ဆုံခဲ့သည့် ဆူဟိုအစ်ကိုနှင့် ကျွန်တော့်ရဲ့ ဆက်သွယ်မူတွေက တိုတောင်းလှသည့် အချိန်ထက် ပိုပြီးနက်ရှိုင်းသည်ဟု ဆိုရမည်။
" ငါ ဆိုးလ်ရောက်ရောက်ချင်း မင်းဆီ ဆက်သွယ်မလို့ပဲ။ ဆေးရုံအပြောင်းအရွှေ့ ကိစ္စတွေကြောင့် မအားဘူးဖြစ်နေတာ။ "
ဒါကလည်း ကျွန်တော့်အား ဖြေရှင်းလာသည့် ဆူဟိုအစ်ကို၏ စကားသံချိုချိုပင် ဖြစ်သည်။  ညနေခင်းနေရောင်ခြည်လေးဖျာကျနေသော အသေးစားဥယျာဉ်လေးကို တယုတယ ရေလောင်းနေသော ဆူဟူအစ်ကိုက အခုထိ ကျွန်တော့်အား လှည့်မကြည့်သေးပါ။ ဒါပေမယ့် ဆူဟိုအစ်ကိုရဲ့ မျက်လုံးထဲမှာ ဥယျာဉ်မှူးတစ်ဦးရဲ့ ကြင်နာသည့် အကြည့်တွေ ရှိနေမှာတော့ အမှန်ဖြစ်သည်။ ကျွန်တော် အိစက်စက်ဆိုဖါထိုင်ခုံကို ခြေပစ်လက်ပစ်မှီချလိုက်သည်။
" သူ... ပြန်..ရောက်..လာ..တယ်..။"
တိုးတိမ်စွာ ထွက်လာသည့် ကျွန်တော့် စကားသံအဆုံး ဆူဟိုအစ်ကိုရဲ့ ကျောပေးထားသည့် မျက်နာလေး ကျွန်တော့်ဘက် ချက်ချင်း လှည့်ကြည့်လာသည်။ ကျွန်တော် စိတ်ပျက်စွာ ခေါင်းငိုက်နေမိသည်။ ခပ်တိုးတိုး ကျွန်တော့် စကားသံထဲမှာ ကြောက်ရွံ့ခြင်းတွေ ပါဝင်နေမည်ကို ဆူဟိုအစ်ကို အလိုလို နားလည်မည်ဆိုတာကို ကျွန်တော် မော့မကြည့်လည်း သိသည်။
လက်ထဲတွင်ကိုင်ထားသည့် ရေဖျန်းသော အပြာရောင်ဗူးသေးသေးလေးကို အလှပန်းအိုးလေးဘေး ချကာ ဆူဟိုအစ်ကို ကျွန်တော့် အရှေ့တည့်တည့်တွင် ဝင်ထိုင်လာသည်။ ပြီးရင် ကျွန်တော့်ရဲ့ မျက်လုံးတည့်တည့်အား စိုက်ကြည့်လာတော့မည်ကို ကျွန်တော် မပြောပဲ နားလည်သည်။ ဒါပေမယ့် ထိုအကြည့်များကပင် တစ်ခါတလေတော့ ကျွန်တော့်အား စိတ်တွေဖြေလျှော့သွားစေပေမယ့်။ တစ်ခါတလေတော့လည်း ဆူဟိုအစ်ကိုရဲ့ အကြည့်က ကျွန်တော့်အား စိတ်များမောပန်းစေပြန်သည်။