ဂျူးလီယက် ထံသို့ (၁)
9.6K 832 96
(Z)
အချစ်ဆိုတာ လောကကြီးမှာ တကယ်ရော ရှိရဲ့လား ဂျူးလီယက် ..။
လူတွေက စွဲလမ်းခြင်းတွေ ၊ ရူးသွပ်ခြင်းတွေ ရဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ဖို့အတွက် အချစ်လို့ ခေါင်းစဉ်တပ်ခဲ့ကြတာလား ..။
ဒါဆို ဦးနှောက်ရဲ့ ပိုင်းခြားဆင်ခြင်နိုင်မှုကို ကျော်လွန်သွားကြတဲ့ ခံစားမှုကို အချစ်လို့ ခေါင်းစဉ်တပ်လို့ ရမလား ဂျူးလီယက် ။
တစ်ခါတစ်ရံမှာ သတ္တိရှိတာနဲ့ မိုက်ရူးရဲဆန်တာဟာ နံရံပါးတစ်ချပ်သာ ခြားနားပြီး အမှားအမှန် ထောက်ပြဖို့ ခက်ခဲလွန်းကြတယ် ။
ငါ ဝန်ခံပါတယ် ။
ငါတို့တွေ ရူး ခဲ့ကြတယ် ။
<><><><><><><><><><><><><><><><><><>
( ငါ မင်းကို ချစ်ခဲ့လား ဂျောင်ဆူး )
ကျွန်တော့်အာရုံထဲ ထပ်ခါထပ်ခါ ကြားနေမိသည့် ခပ်သြသြ သူ့စကားသံ ။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် မပြောင်းလဲသည့် ချန်ယောလ် နှလုံးသားအတွက် ကျွန်တော် အခုတစ်ကြိမ်တော့ ကြည်နူးခြင်းကို မခံစားမိပါ ။ သူ့ရဲ့ စကားက ကျွန်တော်တို့ နှစ်ယောက်စလုံး တွင်းနက်နက် ချောက်ကမ်းပါးထိပ်မှာ ရပ်နေကြရသလိုပင် ဖြစ်စေသည် ။ ဒါဆိုရင် ကျွန်တော့် အဖြေက ထိုချောက်ကမ်းပါးအောက် တွန်းချလိုက်သလို ဖြစ်လိမ့်မည် ။
" ဘယ်တုန်းက ရောက်တာလဲ "
မေမေ့၏ စကားသံကြောင့် ငြိမ်သက်နေသည့် သူ့ရဲ့ ကိုယ်လေး စက္ကန့်ပိုင်းမျှ လှုပ်သွားသည် ။
" မနေ့ မနက်ကပါ အန်တီ "
သူ့အခြေအနေကိုကြည့်ပြီး ကျွန်တော်နှင့် ပက်သတ်သည့် အရာများကို မေ့နေဆဲဆိုသည်ကို မေမေ ရိပ်မိသွား၍ ထင်သည် ။ စောစောက မေမေ့မျက်လုံးထဲ ထင်ဟပ်နေသည့် စိုးရိမ်ပူပန်မှုတွေ အနည်းငယ်ဖြေလျော့သွားသည် ။ ဖေဖေကတော့ ဧည့်ခန်းထဲတွင် ထိုင်နေသော ကျွန်တော်တို့ဆီ မလာပဲ ထမင်းစားခန်းထဲမှာ သတင်းစားဖတ်နေပေမယ့် ကျွန်တော်တို့ စကားဝိုင်းကို နားစွင့်နေလိမ့်မည်ဆိုတာကို ကျွန်တော် သိသည် ။ ကျွန်တော်တို့ဆီ ချန်ယောလ်ရောက်သည့် ပထမဆုံး နေ့တွင် ပတ်ဝန်းကျင်၌ အရှက်ကွဲခဲ့ရ၍ ဖေဖေသည် ထိုနေ့မှစ၍ ချန်ယောလ်နှင့် ပက်သတ်ပြီး စကားအပိုများ မဆိုထားခဲ့ ။ လိုက်လျောခြင်းလဲ မဟုတ်သလို ။ ဖေဖေ့အပြုအမူတွေက ဘယ်တော့မှ ကျွန်တော်တို့အား လက်ခံပေးမည်မဟုတ်ဆိုတာလည်း ပေါ်လွင်စေခဲ့သည် ။ ဒါကြောင့်ပဲ ချန်ယောလ် ကျွန်တော့်ဆီရောက်လာသည်ကို အိမ်ထဲမှ လှမ်းမြင်ပြီး ကျွန်တော်တို့အား အိမ်ထဲဝင်ဖို့ မေမေ့အား ခေါ်ခိုင်းလိုက်ခြင်းဖြစ်မည် ။ ဖေဖေသည် အခုအချိန်အထိ သိက္ခာတရားကို တန်ဖိုးထားသည့် လူတစ်ယောက်ဖြစ်ပြီး သားသမီးအတွက်ဆို ခေါင်းမာတတ်ဆဲ ဖခင်တစ်ယောက် ဖြစ်သည် ။