မိုက်မဲမူ
17.1K 1K 49
(Z)
" တော်တော့ကွာ ။ ညကလည်း တစ်ညလုံး မအိပ်ရဘူး ။ ..."
သူ့ မျက်နာအပေါ် ကျရောက်လာသည့် ကျွန်တော့်ရဲ့ အနမ်းတွေကို သူက ငြင်းဆန်ရင်း ပြောလာသည် ။ ကျွန်တော့် ရင်ဘတ်ကို သူ့ လက်သေးသေးလေးတွေဖြင့် တွန်းကာ မျက်နာကို ရှောင်ကာ နေသည့် သူ့ မျက်ဝန်းတွေက စိတ်ရှုပ်ထွေးမူတွေနှင့် အလိုမကျမူတွေ ဖြစ်ပေါ်နေပေမယ့် ။ ကျွန်တော်ကတော့ နှစ်ယောက်ထိုင် ဆိုဖါထိုင်ခုံတွင် ထိုင်နေသော သူ့ ကိုယ်လေးကို ရင်ခွင်ထဲ ထွေးပွေ့ကာ သူ့ ရဲ့ ပန်းနုရောင် နှုတ်ခမ်းဖူးဖူးလေးကို နမ်းဖို့ ကြိုးစားနေဆဲပင် ။
" yaa!!! Park chanyeol ... ဘယ်လို ဖြစ်နေတာလဲ ။ တော်တော့ဆိုကွာ "
အနည်းငယ်မျှ စိတ်တိုနေသည့် သူ့ စကားသံကြောင့် ကျွန်တော် သူ့ကို ထွေးပွေ့ထားလျှက် နမ်းနေသည်ကို ရပ်လိုက်သည် ။ ထိုင်ခုံပေါ်တွင် ဒူးလေးကွေးကာ သူ့ ခန္ဓာကိုယ်က ကျွန်တော့် ရင်ခွင်ထဲ ကျုံ့ကျုံ့လေးရောက်နေသည် ။ တစ်ခါတလေ အခုလို သူ့အား သေးသေးကွေးကွေးနှင့် ဖူးဖူးလေး မွေးပေးထားသည့် သူ့အမေကို ကျွန်တော် ကျေးဇူးတင်မိသည် ။ ကြည့်စမ်းပါဦး ။ ဘယ်လောက် အသည်းယားစရာ ကောင်းလိုက်သည်လဲနော် ။ စိတ်တိုပြီး အလိုမကျစွာ စိုက်ကြည့်နေသည့် သူ့ မျက်ဝန်းက တောင်ပပြီး လှပလွန်းသည် ။ စိတ်ဆိုးနေသလို သူ့ နှုတ်ခမ်း ဖူးဖူးက ဘယ်အချိန် နမ်းနမ်း ချိုမြန်လွန်းလှသည်လေ ။
" တစ်ခါတည်းပါကွာ ။ နော် ။ နော် "
လက်ညိုးလေးတစ်ချောင်းထောင်ကာ တောင်းဆိုသည့် မျက်ဝန်းဖြင့် ပြောလာသည့် ကျွန်တော့် စကားကို သူက စိတ်ပျက်စွာ မျက်နာ တစ်ချက်ရွဲ့ပြီး ကျွန်တော့် လက်ညိုးကို ဆွဲဖယ်ကာ ။
" တော်စမ်းပါ ။ မင်းရဲ့ တစ်ခါတည်းပါက ညက လည်း တစ်ညလုံး ။ "
သူက စိတ်မရှည်စွာ ပြောလာပြီး ထိုင်ရာမှ ထိုင်ရန် ဟန်ပြင်လိုက်သည် ။ ကျွန်တော် သူ့ရဲ့ ထလိုက်သည့် လက်ကို ဆွဲလိုက်တော့ သူ့ ကိုယ်လုံးလေးက ကျွန်တော့် ပေါင်ပေါ် ရောက်လာသည် ။ ကျွန်တော် ပေါင်ပေါ် ထိုင်ကျလာသည့် သူ့ ကိုယ်လေးကို လွတ်မသွားရန် ချက်ချင်း သူ့ ခါးလေးကို လက်နှစ်ဖက် စလုံးနှင့် ဖက်ထားလိုက်သည် ။