ဆုံးဖြတ်မှု
9.5K 815 197
(Z)
တီ...တီ...တီ...
အခန်းထဲက နှလုံးခုန်စက်၏ အသံက တည်တည်ငြိမ်ငြိမ်ထွက်ကျနေသည် ။ ကုတင်ပေါ် လှဲလျောင်းနေသည့် သူ့ ပုံရိပ်ကတော့ ငြိမ်သက်လွန်းလှသည်။ ကျွန်တော် လက်ထဲတွင် ကိုင်ထားသည့် အဖြူရောင်နှင်းပန်းပွင့်များနှင့် ပန်းအိုးကို ကုတင်ဘေးရှိ စားပွဲပေါ် တင်လိုက်သည် ။ ထိုနောက် အခန်းနံရံများရှိ ခန်းဆည်းများကို ဆွဲဖယ်လိုက်သည် ။ မနက်ခင်းရဲ့ နေမင်းအလင်းရောင်နွေးနွေးက အခန်းမှန်နံရံမှ တဆင့် အခန်းထဲ ထိုးဖေါက်ဝင်ရောက်လာခဲ့သည် ။ အခန်းနံရံကို ကျောမှီရပ်လျှက် နေရောင်အောင်က သူ့ရဲ့ အနက်ရောင်မျက်တောင်လေးကို ကျွန်တော် မျက်တောင်မခတ် ငေးကြည့်နေမိသည် ။ အနည်းငယ်ရှည်လာသည့် သူ့ရဲ့နီညိုရောင် ဆံပင်ကို ကျွန်တော် အကြည့်ရောက်မိတော့ အဖြစ်အပျက်၏ အချိန်ကာလကြာမြင့်နေမှုကို ကျွန်တော် တွေးလိုက်မိသည် ။
၂ လကျော်ပြီ ချန်ယော်ရေ ။
ဒီအချိန်ဟာ ငါတို့တွေ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ထားပြီး တစ်ယောက်ရင်ခွင်ထဲ တစ်ယောက် တိုးဝင်ပြီး ပျော်ရွှင်နေရမယ့် အချိန်မဟုတ်လား ။ ထပြီး ငါ့ကို အပြစ်တင်လိုက်ပါလားကွာ ။ မင်း မသွားစေချင်တဲ့ နေရာကို သွားလိုက်တဲ့ ငါ့ကို ၊ မင်း မတွေ့စေချင်တဲ့ လူကို တွေ့ဖို့ကြိုးစားမိတဲ့ ငါ့ကို မင်း အပြစ်တင်လိုက်ပါလားကွာ ။ အဖြစ်အပျက်တွေရဲ့ အဓိကတရားခံက ငါပဲလို့ မင်း ထပြောလိုက်ပါလား ။
" ကျွီ ..."
အခန်းတခါးပွင့်သံနှင့်အတူ ဝင်လာသည့် ဘတ်ခ်ဟွန်းကြောင့် ကျွန်တော် အနည်းငယ်ရစ်ဝိုင်းနေချင်သည့် မျက်လုံးမှ မျက်ရည်များကို လက်ဖြင့် လျှင်မြန်စွာသုတ်လိုက်သည် ။ ကျွန်တော့်မျက်ရည်တွေနှင့် ဘတ်ခ်ဟွန်းကို စိတ်မပူစေချင်တော့ဘူး ။
" မနက်စာ စားပြီးပြီလား ဂျောင်ဆူး "
ကျွန်တော် နံရံကို ကျောမှီနေရာမှ ခေါင်းခါလိုက်သည် ။ ဘတ်ခ်ဟွန်းက လက်ထဲက အထုတ်ကို ခပ်မြင့်မြင့်မြှောက်ပြပြီး
" ထင်လို့ မင်း အတွက် မနက်စာ ဝယ်လာတယ် "
ကျွန်တော် ဘတ်ခ်ဟွန်းအား ရီမောပြလျှက် ဘတ်ခ်ဟွန်းလက်ထဲရှိ အထုတ်ကို ယူကာ အခန်းထဲရှိ ရေခဲသေတ္တာပေါ် တင်လိုက်သည် ။