ရှုပ်ထွေးမူ
12.9K 1K 109
(Z)
ကျွန်တော့် အိမ်ကို chanyeol ရောက်လာသည့် အကျိုးဆက်ကတော့ ကျွန်တော့်အား အိမ်ထဲမှ အိမ်အပြင် ထွက်ခွင့်ပိတ်ပင်လိုက်ခြင်းပင် ဖြစ်သည် ။ ထိုနေ့က ကျွန်တော့် ငိုကြွေးသံတွေနှင့် မျက်ရည်များကြား ဖေဖေ စိတ်ကို မထိန်းနိုင်ကာ ပေါက်ကွဲတော့မည့် ဆဲဆဲ မေမေနှင့် ဘွားဘွားတို့၏ တားမြစ်မူကြောင့် ကျွန်တော် အသက်ရှင်ခွင့်ရခဲ့သည် ။ အတူတူသေရအောင်ဆိုသည့် ဖေဖေ့ဒေါသသံ စကားလုံးတွေကြားမှာ ကျွန်တော် မျက်ရည်ကျ ငိုကြွေးခြင်းမှ လွဲ၍ ဘာမှ မပြောနိုင် ။ ဘာမှ မလုပ်နိုင် ။ သူလည်း ဆွဲခေါ်သွားသည့် kai ရဲ့ နောက် တရွတ်တိုက် ပါသွားပေမယ့် ကျွန်တော့်ကို စိတ်မချနိုင် ဖြစ်ကာ ဘာမှ ထိခိုက်အောင် မလုပ်ဖို့ စကားကို တတွတ်တွတ် ပြောသွားခဲ့သည် ။
အရာအရာ အသစ်က ပြန်စလို့ ရရင် ဘယ်လောက် ကောင်းမလဲ chanyeol ။ စိတ်ပျက်အားမငယ်ပါနဲ့လို့ မင်း အတန်တန် ပြောဖူးပေမယ့် ။ ငါ တကယ် အားငယ်ကြောက်လန့်နေမိတယ် ။ ရှေ့ဆက်နိုင်ဖို့အတွက် ငါ့ဆီမှာ ခွန်အားတွေ ရှိလား ဆိုတာတောင် ငါ သေချာမသိတော့ဘူး ။ ဖြစ်လာသမျှ အရာရာတိုင်းကို ရင်ဆိုင်ဖို့ ဘုရားရှင်က ငါတို့ကို အင်အားတွေ အလုံအလောက် ပေးခဲ့ရဲ့လား ။ မဖြစ်နိုင်ဘူးနော် ။ ဒါဆို မိမိကိုယ်ကို အဆုံးစီရင်မူတွေက လောကမှာ ဘယ်ရှိလာမလဲ ။ အခန်းထဲမှာ တစ်ယောက်တည်း နေပြီး ဘာကို ကျွန်တော် ရှေ့ဆက်ရမလဲ ။ ဘာကို ကျွန်တော် ဆုံးဖြတ်ရမလဲ ။ ဘာကို ကျွန်တော် ရင်ဆိုင်ရမလဲ ။ ဟင့်အင်း ။ ကျွန်တော့်အတွက် မေးခွန်းတွေသာ များပြားနေတာ ။ အဖြေကတော့ တစ်ခုတည်း ထွက်လာတတ်သည် ။ ကျွန်တော် chanyeol ကို ချစ်တယ် ။ ဒါဟာ အမှန်အကန်ဆုံးနှင့် အသေအချာဆုံး အဖြေတစ်ခုဆိုတာပင် ကျွန်တော် သိသည် ။ ဒါပေမယ့်လည်း ။
" မင်း စိတ်ကြိုက် လုပ်မယ်ဆိုရင် ရော့ ငါ့ကို တစ်ခါတည်း သတ်သွား .. "
ကျွန်တော့် ရှေ့ရောက်လာသည့် သေးငယ်လွန်းသည့် ပုလင်းတစ်လုံး ။ ဒါပေမဲ့ ထိုသေးငယ်ခြင်းက လူ့အသတ်ကိုတောင် နှုတ်ယူနိုင်တယ်ဆိုတော့ ။ ကျွန်တော် မေမေနှင့် ဖေဖေ့ မျက်နာကိုသာ အထိတ်တလန့် ငေးကြည့်နေမိသည် ။ သားတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ဝေမျှဖို့ ဤမျှလောက် ခက်ခဲနေတာလားကွယ် ။ မေမေတို့အတွက် သားတစ်ယောက်ရဲ့ ပျော်ရွှင်မှုက သိက္ခာတရားတွေလောက် အရေးမကြီးဘူးထင်တယ် ။ ဒါဆို ဘာလို့များ မွေးဖွားခဲ့သေးလဲ ။ ကျွန်တော်က သက်ရှိလူသားတစ်ဦးဆိုတာ မေမေတို့ မေ့နေကြသည် ထင်ပါရဲ့ ။