"ကျွန်တော်ရဲ့ကောင်လေး"
'Oh oh ... every time I see you .'
အိပ်ယာဝင်ခါနီး ပေါ်ထွက်လာတဲ့ Ph ring ကြောင့် Contact name လေးကို တစ်ချက်ကြည့်လိုက်သည်။
Aunty Su ပါလား … ။
xiu : Hello အန်တီ Su :
Su :သမီး xiu လား :
xiu : ဟုတ်… Xiu ပါ ဘာအရေးကြီးလို့လဲဟင် … ဒီအချိန်ကြီး :
Su : Lu အိမ်ပြန်မလာတာ ၁ပတ်ရှိပြီသမီး ။ Luဘယ်မှာအလုပ်လုပ်နေတယ်ဆိုတာ ဆိုတာပြောပြနိုင်မလား luနဲ့ သူငယ်ချင်းတွေမို့ xiu သိမယ် ဆိုတာ သိပါတယ် … ပြောပြပါ xiu ရယ် :
suho ရဲ့စိုးရိမ်တကြီး မေးမြန်းသံကြောင့်
xiuလည်းမနေသာတော့ xiu ကိုယ်တိုင်လည်း မလိမ်ညာချင် Aunty suကိုလည်းသနားသည်လေ…။xiu : lu အလုပ်လုပ်တဲ့ နေရာက . . . . . . . .
°•°•°•°•°
ပြိုးပြတ်နေသော မီးရောင်စုံများအောက်
အလိုရမ္မက် အတွက် ငွေကိုရေလိုသုံးနေသည့် ပုရိသများစွာ
ထိုငွေရရှိရေးအတွက် မိမိရဲ့ခန္ဓာကိုယ်ကို အသုံးချ စီးပွားရှာနေသည့် မိန်းမပျိုလေးများ
သူတို့ လိုအပ်သမျှ ဖြည့်ဆည်းပေးရသော အလုပ်သမားလေးများ ပါဝင်နေသည့် 'Monster ' အမည် နှင့် Club တစ်ခု …။Lu ကတော့ ထိုမိန်းကလေးတွေလောက် ဝင်ငွေမကောင်းလှ။
ဒါပေမယ့် lu ကျေနပ်သည်။
lu က ကာယအားကို သုံးရသော်လည်း အသွေးသားကို ရင်းနှီးရသည်မဟုတ်။ နေ့စဉ်မြင်တွေ့နေရသော ဤအရာတွေကို မမြင်ချင်သော်လည်း luက ဘဝသမားတစ်ယောက်မို့ ရှောင်လွှဲလို့မရသည့် အခြေအနေပင်…။Bar မှာရှိတဲ့ နာရီလေးကို လှမ်းကြည့်မိတော့
lu ရဲ့အတွေးစများပျောက်သွားသည်။မနက် 4နာရီတောင်ရှိပြီ ။
Lu ရဲ့ အလုပ်ချိန်လည်း ရပ်နားရတော့မည်။အာရုဏ်ဦးရဲ့ အလင်းရောင်လေးကို
ခံစားထိတွေ့ရချိန် … တစ်ညလုံး အလုပ်လုပ်ထားရလို့ ပင်ပန်းနေပြီဖြစ်သော ကိုယ် နဲ့ စိတ်ဟာ တစ်ခဏတွင်းပင် လန်းဆန်းသွားရသည်။"baby don't cry tonight "
ရုတ်တရက်မြည်လာသော ph ringလေးကြောင့် ကျိန်းစပ်နေသော မျက်လုံးအစုံကို ပွတ်သပ်ရင်း ကြည့်လိုက်သည်။
YOU ARE READING
ကျွန်တော်ရဲ့ကောင်လေး [Completed]
FanfictionHunHan ( normal ) ဘဝမှာ နာကျည်းချက်နဲ့အတူ ပုံစံတကျ ရှင်သန်လာခဲ့တဲ့ tomboy လေး *xiao luhan* ရုပ်ရည် အောင်မြင်ချမ်းသာမှူ့တွေနဲ့ ပြီးပြည့်စုံလွန်းတဲ့ ပျို တိုင်းကြိုက်တဲ့ နှင်းဆီခိုင် *oh sehun * သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ နှလုံးသားမှာ အချ...